"Hyung!!!"တက္ကသိုလ်ကပြန်လာတဲ့နောက်ဆုံးနှစ်ကျောင်းသားက
မူကြိုကလေးတွေကျောင်းကပြန်လာသလို ခုန်ပေါက်ပြီးပြန်လာတယ်!
အဲ့ဒါသာကြည့်တော့ ဘယ်လောက်ကလေးဆန်လဲလို့!Baek ပြေးပြီး ဟင်းချက်နေတဲ့ Yeol ကိုနောက်ကနေဖက်ထားသည်။
"Baek..ပြန်လာရင်လည်းရေသွားချိုးလေကွာ.. ပြီးရင်ထမင်းစားမယ်
ကိုယ်အဆင်သင့်ပြင်ထားလိုက်မယ်""ဟွန့်! ပြီးရော -.- လွမ်းလို့ဖက်တာ မကြိုက်ရင်မဖက်ဘူး
လုံးဝပဲ""မကြိုက်လို့မဟုတ်ပါဘူးကွာ...မကောက်နဲ့နော်.. ရေသွားချိုး..
ကိုယ်စောင့်နေမယ်"ဘာမှပြန်မပြောပဲ ဆောင့်အောင့်ပြီးအခန်းထဲဝင်သွားလေရဲ့!
ကောက်တော်မူသွားပြီထင်ပါရဲ့... ဟူးးး
ဒီကလေးဟာလေတကယ့်ကိုကောက်စိန်လေး!Baek's pov:
Baek ရေချိုးပြီး အခန်းထဲမှာပဲအောင်းနေလိုက်သည်။
လူကနည်းနည်းဖျားချင်သလိုဖြစ်နေတာကိုးးးး!
ကျောင်းမှာလည်း presentation တွေကအဆက်မပြတ်!
မနေ့ည့ကလည်း အဲ့လူကြီးက လုံးဝမနားဘူး ><
(အမယ်ငီးးးး ငါဘာမှမသိဘူး!!!)
ဟင့်! ခုလူကတစ်ကိုယ်လုံးအားမရှိသလိုပဲ!"Baek!baek! ကိုယ်ဝင်လာပြီနော်!!"
ကျွန်တော်အခန်းထဲဝင်သွားတော့
ကုတင်ပေါ်မှာခွေခွေလေးအိပ်နေတဲ့
ကျွန်တော့် ကောင်လေး!"Baek.."
"Hmm...hyung..."
"ဘာလို့လဲ...နေမကောင်းဘူးလား?? "
"Imm...ထမင်းစားဖို့လာခေါ်တာလား?"
"ဟုတ်တယ်..နေဦး ကိုယ်ဆန်ပြုတ်ပြုတ်ပေးမယ်.."