"Baek...ဒါလေးတော့စားလိုက်ပါကွာ~ နော်...
ကိုယ့်ကလေးလေးကလိမ်မာပါတယ်ကွာ~~''"ဟင့်…အင့် မစားချင်ဘူးဆိုမှ! အန်ထွက်ကုန်မှာ!
အတင်းလာမကျွေးနဲ့ကွာ><''အဲ့ဒါသာကြည့်! ဖရုံသီးဆန်ပြုတ်လေးစားချင်တယ်ဆိုပြီး
ရုံးကိုအသည်းအသန် ph ဆက်မှာတာကသူ!
ကျွန်တော့်မှာ မရမက အသည်းအသန်ရှာဝယ်ရတာ!
့ခုကျွေးတော့မစားချင်ဘူးဖြစ်ရော...
ဘာမှလည်းရေရေရာရာစားရသေးတာမဟုတ်...
မနက်က ပြင်ပေးခဲ့တာလည်း အရာမယွင်း!
ဟူးးး လူမြန်မြန်ရှာမှဖြစ်မှာပါ''တခုခုတော့စားမှဖြစ်မှပေါ့ baek ရယ်
ခုနကပဲ baek စားချင်တယ်ဆိုလို့ ကိုယ်ဝယ်လာပေးတာလေ''''အာ့ခုနကစားချင်တာလေ… ခုမှမဟုတ်ပဲ! ခုစားရင်အန်လိမ့်မယ်ဆို''
ပြောရင်းထငိုတဲ့ baek ကြောင့် park chanyeol တို့ ပြာယာခတ်ရပြန်ပြီ!!!
'' အေးပါ အေးပါ ကလေးရယ်… မငိုပါနဲ့နော်...
Baek မစားချင်ရင်မစားနဲ့နော်... baek ဘာစားချင်လဲ?
ကိုယ်စီစဉ်ပေးမယ်လေ...""Hyung...."
"Imm...ပြောလေ...baek"
မျက်ရည်လေးဝဲတဲတဲ... မျက်နှာငယ်လေးနဲ့သူ့ကိုကြည့်နေတဲ့
ကောင်လေးရဲ့ ဆံပင်လေးတွေကိုသပ်ပြီး ပြုံးတော့..."ကျွန်တော့်ကိုစိတ်မပျက်ရဘူးနော်..."
"ဘာလို့လဲ baek ရဲ့...Baek ကဘာတေလုပ်ထားလို့လဲ"
"ကျွန်တော်က အရမ်းဆိုးတယ်လေ...အာ့ကြောင့်တချိန်ချိန်ထားခဲ့မှာ
ကြောက်တယ်... ""မထားခဲ့ပါဘူး ကလေးရယ်...baek သာကိုယ့်ကိုမထားခဲ့နဲ့"
"ထားခဲ့ပါဝူးးး baek သေရင်တောင် hyung အနားမှာ ဝိဉာဉ်ဘဝနဲ့
နေနေမှာ!"