NO.19 [Part 1]

510 15 0
                                    

အလွန်လဲမမှောင်... အလွန်လဲမလင်းသော အခန်းများသည် ညသန်းခေါင်ရံ တွင်စတင်အသက်ဝင်လာသည်

တီ တီ တီ အချက်ပေးသံတို့ ကြောင့်သူတို့ အားလုံး အခန်းတစ်ခုစီ၏အပြင်ဘက်သို့ ထွက်လာကြသည်...

အယောက် ၅၀ ထက်မနဲသော လူအုပ်ကြီးသည် ကျယ်ပြန့် သောခန်းမ တစ်ခု၏အလည်တွင်ဆုံစည်းသွားပြီး တစ်စုံတစ်ခုကိုစောင့်မျှော်နေကြသည်

မကြာခင် သူတို့ အားလုံး၏အာရုံသည် အခန်းဝ က တံခါးဖွင့်သံဆီသို့ 

" No. 15,18,29,11,19,31,46,66 မန်နေဂျာနောက်ကို လိုက်ခဲ့ပါ "

တံခါးပြန်ပိတ်သွားသည့်တပြိုင်နက် ရပ်နေသောသူအားလုံးဆီမှ တစ်ယောက်တစ်မျိုးစီ စကားသံမျိုးစုံထွက်လာတော့သည်...

" Yah... ဒီတစ်ခါလဲ ငါမပါပြန်ဘူး....ဒီလောက်ပြင်ထားတာကို " လှလှပပ ပြင်ဆင်ထားသောကောင်မလေးတစ်ယောက်ဆီမှ ညည်းညူးသံတစ်ခုကြောင့်

" ဒါဆို ငါနဲ့ No. လဲမလား... ငါမလိုက်ချင်ပါဘူး..." ဘေးကသူ့ သူငယ်ချင်းမလေးကလှမ်းမေးလိုက်သည်

" Sooyeon ရယ်နင်ပဲသွားစမ်းပါ.. ဒီတစ်ခေါက်ငါမပါပေမယ့် ငါ့မှာ regular customer တွေရှိတာပဲကို... လဲတာ သိရင် အရိုက်ခံရမယ်ဆိုတာနင်မေ့နေတာလား.."

" ဒီတစ်ခေါက်လာမယ့်သူက V.I.P ဖြစ်မယ်ထင်တယ်.. နံပါတ်အကောင်းတွေချည်းခေါ်သွားတယ်.."

''ဟုတ်ပ.. Sooyeon တို့ တော့ပွတော့မယ်... "

" အဲ့လိုလဲမဟုတ်ရ..."

''Sooyeon ရေဟိုမှာ ခေါ်ထားတယ်မလား မြန်မြန်သွားတော့လေ... ငါတို့ ကိုအားနာမနေနဲ့ ...
Good Luck နော် တော်ကျ ဈေးကောင်းမရဘဲနေဦးမယ်..."

"Yah... ပါးစပ်ပုတ်ကြီးနဲ့ .... ကောင်မစုတ်တေ.. "

'' ဟိုမှာ အခြေအနေကောင်းရင်ငါတို့ ကိုမမေ့နဲ့ နော်... မေ့ချင်ယောင်ဆောင်လို့ ကတော့..."

" ဘာကိုမေ့ရမှာတုန်း... ကံမကောင်းရင်ငါပဲခံရမှာ...ငါသွားတော့မယ်... ကောင်းကောင်းနေကြဦး.... "

Sooyeon ဆိုတဲ့ကောင်မလေးတစ်ယောက် ကျန်နေခဲ့သော သူငယ်ချင်းတွေကို နောက်ဆုံးအကြိမ် လှည့်ကြည့်ပြီး သက်ပြင်းတစ်ခုခုခပ်ဖွဖွချလိုက်လေသည်

<< No.19 >>Where stories live. Discover now