No.19 [Part 11]

91 9 4
                                    


''နောက်ထပ်ငါ ဘာပြောင်းလဲသွားလဲ နင် ခန့် မှန်းမိလား???....''


သူ အိပ်ခန်းရှေ့ ရောက်သည် အထိ သူ့ နားထဲက JongHyun အသံသည်ပျောက်ကွယ်မသွားဘဲ ထပ်ခါ ထပ်ခါ ကြားနေရသေးသည်....


သူကြောင့် JongHyun ပြောင်းလဲ သွားရတာကို မသိရအောင် သူ အဲလောက်တုံးအ မနေခဲ့ပါ....


JongHyun က အရင်လို မဟုတ်တော့ဘူးဆိုတာလဲသူသိတယ်...

ဒါက ဝမ်းသာစရာ တစ်ခုလဲဟုတ်တယ်.....

ဒါပေမယ့်....

ကိုယ်ပြန်မချစ်နိုင်တဲ့ သူတစ်ယောက်ကို ဘာလို့ မျှော်လင့်ချက်တွေပေးမှာလဲ...

Sooyeon က သူ့ ကြောင့် JongHyun ပြောင်းလဲသွားတာထက် နာကျင်နေရမှာကို ပိုပြီးစိုးရိမ်မိသူပါ...


xxxxxxxx


"Noona..."

Sooyeon သူ့ အခန်းထဲမှာ အဝတ်လျှော်စရာရှိတာတွေကိုတောင်းနဲ့ အပြင်ကိုဆွဲထုတ်နေတုန်း....

ခေါ်သံကြားလို့ လှည့်ကြည့်လိုက်သည်...


"ကျောင်းက ဆရာ xxx မေးမယ်ပြောတဲ့အခန်း စာအုပ်ထဲမှာရှိတယ်မလား...."


"အေး..ရှိတယ်လေ... ယူမလို့ လား..."


"အင်း... "


Taemin အပေါ်ထပ်ကိုတက်လာပြီး... သူ့ အခန်းဝအထိရောက်လာကာ နံရံကို လက်ထောက်ပြီးပြောလိုက်သည်...


" Borr.....နင်က တကယ် စာလုပ်မလို့ လား....."

အရင်ကဆို Taemin ဆိုတာ စာဆို တစ်လုံးဆို တစ်လုံးမှ သင်လို့ မရ... စာကျက်သံပင် ဆူညံသံ အလား ယူဆကာ သူစာကျက်ချိန်ဆို တမင်တကာ အပြင်သို့ လစ်လစ်ထွက်တက်သော ငတိဖြစ်သောကြောင့်... သူ့ ဆီက

စာအုပ်တောင်းသည်ကို ပင် Taemin ကို တထူးတဆန်း ပြန်မေးကြည့်နေရသည်..

"ပေးမှာသာ ပေးစမ်းပါ....

ကွကိုယ် ဘာလုပ်လုပ်ပေါ့..."

<< No.19 >>Where stories live. Discover now