သူတို့ ထမင်းစားပွဲဝိုင်းသည် အရင်ကလို မဆူညံပဲ... တိတ်ဆိတ်လှသည်...
'' Noona...''
Taemin စကားစပြောလိုက်သောကြောင့် တစ်ဝိုင်းလုံး၏မျက်လုံးများ သူထံသို့ ရောက်သွားလေသည်
''Nae... ပြောပါ..သခင်လေး..''
Sooyeon စားလက်စကိုရပ်လိုက်ပြီး မော့ကြည့်လိုက်သည်
''ဟာ... Noona ကလဲ...အဲလိုမျိုးကြီးမခေါ်စမ်းပါနဲ့ ... ကျွန်တော် မနေတက်ဘူးဗျ....
ကျွန်တော်သိချင်တာလေး မေးမလို့ ..''
''Nae..မေးပါ...''
''Noona ကဘယ်သူ့ ဖို့ လဲဟင်....''
''ဟမ်...''
Sooyeon ဟမ်သွားပြီး...စကားစရန် ပြင်တုန်း...
''Noona က ...''
''Sooyeon ကငါတို့ နဲ့ နေမယ်လို့ Secretary Kim ပြောတယ်လေ..
အဲတော့ ငါတို့ ၎ယောက်လုံးဖို့ ပေါ့....''
Minho ဝင်ဖြေလိုက်သောစကားကြောင့် Sooyeon.. Minho မျက်နှာကို လှမ်းကြည့်လိုက်သည်..
Minho က သူ့ တောင် ဂရုစိုက်ပုံမရ..
''တွေ့ လား....ငါပြောသားပဲ... Sooyeon ကအိမ်အလုပ်တွေလုပ်ဖို့ ပါဆိုနေ....''
JongHyun က Taemin ကိုတံတောင်နဲ့ တွတ်လိုက်ပြီး နောက်မေးခွန်းတစ်ခုစမေးလိုက်ပြန်သည်
'' Sooyeon... ကားမောင်းတက်လား....
မီးချောင်းကောပြင်တက်လား....
ဟင်းချက်တက်လား...
သံရိုက်တက်လား..
အတိုက်အခိုက်ကော ကျွမ်းလား...
ရေကူးတက်လား..
အပြေးကောသန်လား...လား..လား...လား....
JongHyun ရဲ့ လားမေးခွန်းများစွာ မပြီးဆုံးခင်
'' သူက အဲ့ဒါတွေအကုန်လုပ်တတ်ပါတယ်... ''
ထောင့်ဆုံးက ထိုင်နေသောOnew ဆီက အသံထွက်လာတော့မှ အားလုံး သူ့ ဆီအာရုံရောက်သွားတော့သည်
'' Fairy Queen က Training အကုန်ဆင်းပေးထားတယ်လေ.... သူဒါတွေလုပ်တက်မှာပေါ့....ဟုတ်တယ်မလား Sooyeon shi...''
YOU ARE READING
<< No.19 >>
RandomOT5 with a girl When 5 Bad Boys meet a bad girl, will they change her or will she change them?? Changing into a new world must happen in One Side :D