''ဒါက ဘယ်သွားပြီးပြန်လာတာလဲ...''
Sooyeon အိမ်ထဲသို့ ခြေဖျားထောက်ပြီးဝင်လာသော်လည်း.... အပေါက်ဝက စီးကာ မေးလိုက်သော Minho အမေးကြောင့်..တွန့် ကနဲဖြစ်သွားလေသည်...
''ငါ ခဏခေါ်သွားတာ.... အလုပ်မှာခိုင်းစရာရှိလို့ ...
ရတယ်မလား..ဒီလောက်တော့...''
JongHyun အနောက်ကနေဝင်လာပြီး.... Minho ဘေးနားကနေ ဖြတ်သွားရင်း ကျော်သွားတော့မှ သူ့ ကို လှည့်ပြီး မျက်စပစ်ကာ အခန်းထဲ ဝင်သွားလေသည်...
သူ့ မှာ Minho ဆီက နေ အကြည့်မလွှဲရဲ...
နောက်လှည့်ကြည့်လိုက်ရင်... ပြသနာတက်မှာစိုးလို့ ...
''နောက်ဆို ငါခေါ်ရင် ခေါ်တဲ့အချိန် ချက်ချင်းလာ....
မလာနိုင်ရင် .. နောက်တစ်ခါ.. အိမ်ပြန်လာဖို့ စိတ်မကူးနဲ့ ...''
''Nae..''
တံခါးပိတ်သံကြားမှ သူ တောင့်ထားသော ပုံခုံးကျောများ လျော့ချနိုင်တော့သည်...
-- ကြောက်လိုက်တာ သေတော့မယ်
နေပါဦး...ဘယ်ချိန်က ငါ့ကို ခေါ်လို့ လဲ... --
Sooyeon အိပ်ခန်းထဲရောက်မှ သူ့ ဖုန်းထဲက Call list တွေ Message list တွေထဲ Minho နာမည်ကို အသည်းအသန်ရှာနေရလေသည်...
-- ခေါ်တယ်ဆိုပြီး... ဘာမှလဲ မတွေ့ ဘူး... :3 --
xxxxxxxxxxxxxx
''သခင်လေး.... ခုဘယ်ကိုသွားနေတာလဲ...''
ကားပေါ်မှာ Classic Music ချည်းသက်သက်သာ ဖွင့်ထားပြီး... တောက်လျှောက်အိပ်လာရသော သူ့ အဖို့ ... ဒီခရီးသည်.. အတော်ပင် ပျင်းစရာကောင်းလေသည်
''ရောက်ရင်သိမှာပေါ့''
-- သူပြောမှာလား....--
သူ လဲ ပြန်မပြောဘဲ..ငြိမ်ပြီးသာလိုက်လာခဲ့ရသည်...
သူတို့ ရောက်သွားတော့... စစချင်းမြင်ရသည်မှာ.. အဖြူရောင် အိမ်လေးတစ်လုံး...
[နွေရာသီစံအိမ်]
ရောက်ရောက်ချင်း... အိမ်ထဲဝင်လိုက်သည်နှင့်... မြင်လိုက်ရသော ဆိုင်းဘုတ်လေးကြောင့်.. Sooyeon ပြုံးလိုက်မိသည်
YOU ARE READING
<< No.19 >>
RandomOT5 with a girl When 5 Bad Boys meet a bad girl, will they change her or will she change them?? Changing into a new world must happen in One Side :D