'' Hyung ဒီနေ့ လဲကောင်မလေးတွေမလာဘူးလား... ''
ဂီတာသံကြားလို့ အခန်းထဲ ဝင်ကြည့်လိုက်တော့ Jjong ရှိနေတာနဲ့ Taemin ဝင်စပ်စုလိုက်သည်....
''မလာဘူး.. ငါမအားလို့ ... ''
JongHyun သီချင်းရေးနေတဲ့ ဘောပင်ကိုချပြီး Taemin မေးတာကို လှမ်းဖြေလိုက်သည်
SooYeon စရောက်တဲ့ နေ့ ရဲ့နောက်နေ့ ကစပြီး နေမကောင်းလို့ ဆိုပြီး မခေါ်တာတော်တော်တောင်ကြာနေပြီပဲ
ဘာကြောင့်မှန်းမသိ..ခေါ်ရမှာ အားနာသလိုလို ...ဘာလိုလိုနဲ့ 
---နေပါဦး...ငါက ဘယ်သူ့ ကိုအားနာရမှာလဲ...ငါ့အိမ်မှာ ငါကြိုက်သလို နေလို့ ရတာပဲ---
အိတ်ကပ်ထဲက ဖုန်းထုတ်လိုက်ပြီး...Contact ထဲက list ကိုရှာနေတော့သည်...
အစကတော့ Taemin ပြောလိုက်လို့ မခေါ်ဖြစ်တော့ပေမယ့် သူပြောလိုက်လို့ လုပ်တယ်လဲ Sooyeon ထင်မှာကို
လဲစိုးသေးတော့..
--- ဘာဖြစ်လဲကွာ..ခေါ်တော့..ဘယ်သူ့ မှအားမနာဘူး..... ---
Call ကိုနှိပ်ပြီး တဖက်က စကားစကို စောင့်နေလိုက်သည်...
တီ..
တီ..
တီ...
-- ကြာထှာ.. ဖုန်းအနားမှမနေဘဲနဲ့ ဘယ်တွေသွားနေလဲ မသိဘူး.....--
JongHyun ဖုန်း Screen ကို မချေမငံကြည့်နေစဉ်...
Taemin လွယ်အိတ်ကို ပုခုံးတစ်ဖက်ပေါ်ဆွဲတင်လိုက်ပြီး မှန်ထဲက သူ့ ပုံကို သူပြန်ကြည့်ကာ ဆံပင်ကို အနည်းငယ် ရွှိုင်းပြီးပြောလိုက်လေသည်....
''အဲ့ဒါဆိုအိမ်စောင့်ဖို့ အဖော်ရှိပြီပဲ.. ကျွန်တော်သွားလိုက်ဦးမယ်''
''yah.. Taeminah.. ဘယ်သွားမှာလဲ... မိုးချုပ်နေပြီ... ''
''ခဏပဲသွားမှာ..ပြီးပြန်လာခဲ့မယ်...''.
အိမ်မှာက သူနဲ့ Sooyeon ၂ယောက်တည်းကို Taemin အပြင်ထွက်ရင် သူက ဟိုကောင်မလေးတွေဘယ်လိုခေါ်မလဲ....
ကောင်မလေးတွေ မခေါ်ရတာထားဦး....မနေ့ တစ်နေ့ ကမှတွေ့ တဲ့ကောင်မလေး နဲ့ သူနဲ့ တစ်အိမ်ထဲမှာ ရှိနေရတာကိုက သူ့ မှာ မအီမသာဖြစ်စေသည်...
YOU ARE READING
<< No.19 >>
RandomOT5 with a girl When 5 Bad Boys meet a bad girl, will they change her or will she change them?? Changing into a new world must happen in One Side :D