No.19 [Part 2]

141 15 0
                                    


သူတို့ ၃ယောက် ၏အာမေဋိတ်သံများ အပြီးတွင် တံခါးဖွင့်သံတစ်ခုက တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်...

သခင်လေး Onew လဲခဏလာပါဦး

Secretary Kim နောက်ကိုကြည့်ပြီး...လှမ်းခေါ်လိုက်တာကြောင့် သူတို့ ၃ယောက်လဲလှည့်ကြည့်လိုက်သည်

Sooyeon ကိုမိတ်ဆက်ပေးမလို့ ...

တံခါးဝကနေဝင်ခါးနီးဆဲဆဲ ဖြစ်နေသော Onew.. ဖိနပ်ကိုငုံ့ ချွတ်နေရင်း Sooyeon ဆိုတဲ့နာမည်ကြောင့် ခေါင်းကိုချက်ချင်းမော့လိုက်လေသည်...

-- မဖြစ်..မဖြစ်နိုင်ပါဘူး.....သူကဘယ်လိုလုပ်ဒီကိုရောက်နေရတာလဲ --

Onew တစ်ယောက် Sooyeon မျက်နှာကိုသေချာ စိုက်ကြည့်နေမိ၏

ဒီမျက်နှာ... ဒီမျက်လုံး... ဒီနှုတ်ခမ်း... သူမမှတ်မိနိုင်စရာအကြောင်းမရှိပါချေ....

Sooyeon ကတော့ သူ့ ကိုတံခါးဝမှာစမြင်ပြီးကတည်းက ခေါင်းငုံ့ သာနေတော့သည်....

"Secretary Kim ခဏကျွန်တော်နဲ့ လိုက်ခဲ့ပါ... စကားပြောစရာရှိလို့ ...."

Onew.. Sooyeon ဘေးနားက ဖြတ်သွားချိန် သူမကို မကြည့်ဘဲပြောလိုက်သည်

xxxx

'' ဒါ Daddy စီစဉ်တာ အကုန်ပဲလား....''

''ဟုတ်ပါတယ် သခင်လေး... Sooyeon ကို Minho မွေးနေ့ အတွက်ပေးမယ်ဆိုပြီး Fairy Queen ကနေ ဝယ်ခဲ့တာပါ....''

-- ဘာလို့ Sooyeon မှဖြစ်နေရတာလဲ...--

''သူ့ ကိုတခြားလူနဲ့ လဲလိုက်လို့ မရဘူးလား....''

''သခင်လေး....''

'' Sooyeon ကိုကျွန်တော်မမြင်ချင်ဘူး....''

-- မင်းကို ဘယ်သူနဲ့ မှ ပတ်သတ်တာကို ငါမမြင်ချင်ဘူး..--

''သခင်လေး.... Mr.Choi က Fairy Queen ကနေ အကောင်းဆုံးသူကိုရွေးထားတာပါ... တခြားစိတ်ပူစရာမရှိပါဘူး...

မဟုတ်မှ....သခင်လေး.. Sooyeon နဲ့ များ.... ''

Secretary Kim ရဲ့စိုးရိမ်နေတဲ့ မျက်နှာကြောင့် သူ စကားပြောင်းပြောလိုက်ရလေသည်...

''ကျွန်တော်နဲ့ Sooyeon နဲ့ ကဘာမှမဆိုင်ပါဘူး....ဒီတိုင်းစိုးရိမ်လို့ မေးကြည့်တာပါ... ခွင့်ပြုပါဦး...''

<< No.19 >>Where stories live. Discover now