''Eee..yahh...''
ခရီးဆောင်အိတ်ကြီးကို ဗုန်းကနဲ အိမ်ရှေ့ ခန်းထဲဆွဲသွင်းလိုက်ပြီး မှောင်မဲနေသော အခန်းကို
မီးဖွင့်လိုက်သည်....
''ဘယ်သူမှ အိမ်ပြန်မရောက်ကြသေးဘူးလား....''
သူပြန်လာတာတောင် ည ၁၂ နာရီထိုးတော့မည်...အိမ်မှာ သူမရှိတုန်း လုပ်ချင်ရာလုပ်ထားကြပုံပေါ်သည်....
အိမ်ရှေ့ ခန်းက TV ဆို ဖုန်ပင်တက်နေချေပြီ.....သေချာတယ် နောက်ဖေးမှာလဲ ဆေးစရာ ပန်ကန်တွေ
လျှော်စရာ အဝတ်တွေပုံနေတော့မယ်ဆိုတာ...
'Huuu....ရောက်ပြီ..'
အိတ်အောက်ခြေက ဘီးလုံးတွေကို လှေကားတစ်ထစ်ပြီး တစ်ထစ် သယ်လာပြီး သူ
နေတဲ့အထပ်ရောက်တော့မှ Sooyeon သက်ပြင်းချနိုင်တော့တယ်...
'ဒါနဲ့ ...ငါ့အခန်းရှေ့ က ဘယ်သူပါလိမ့်...'
သေချာတာပေါ့.... သူ့ ကို သိပ်တွေ့ ချင်တာ Onew အပြင်ဘယ်သူရှိဦးမှာလဲ....
'Onew... ဘာလို့ အခန်းရှေ့ ရပ်...'
သူစကားပြောနေရင်း အနားတိုးသွားတော့ Onew သူ့ ကို လက်၂ဖက် ကားထားပြီး သူ
့ကိုကြိုဆိုနေသလိုမျိုး...
'အဲဒါဘာလဲ.... '
Onew ဘာလိုချင်လဲ သူသိနေပြီးသားဆိုပေမယ့်...မသိချင်ယောင် နဲနဲပါးပါးချေလိုက်သေးသည်.....
သို့ သော် သူ့ အပြုံးက လိမ်လို့ မရပါ...
'ရည်းစားဟောင်းကို ဖက်တောင် မဖက်ချင်တော့ဘူးလား...'
'Borya.... သွား...ခုမှ သိပ်လွမ်းနေတယ် ဟလား...'
တွန်းထုတ်နေသော သူ့ ရဲ့လက်တွေကို Onew ဖမ်းချုပ်လိုက်ပြီး..တစ်ခါတည်း... ငြိမ်ကျသွားအောင် ဖွဖွလေး
ဖက်ထားရင်းနဲ့ ...
'လွမ်းလွန်းလို့ ပါ.....'
YOU ARE READING
<< No.19 >>
RandomOT5 with a girl When 5 Bad Boys meet a bad girl, will they change her or will she change them?? Changing into a new world must happen in One Side :D