အိမ်ပြန်ရောက်တဲ့ထိ SooYeon နဲ့ Onew စကားထပ်မပြောဖြစ်ကြ....
ပြောရအောင်ကလဲ ဘာပြောရမှန်းမသိ...
အိမ်နောက်ဖေးကို သူ အရင်ဝင်သွားလိုက်ပြီး... ရေခဲသေတ/တာ ဖွင့်မလို့ လုပ်လိုက်ချိန်တွင်....
'' Minho Hyung ပြန်လာရင် စားဖို့ တစ်ခုခုချက်ထားပေးပါ...အိမ်က အဒေါ်ကြီးနယ်ခဏပြန်သွားတယ်
from
Taem''
တစ်ခုခုချက်ရမယ်ဆိုတော့မှ Minho ဘာကြိုက်တက်မှန်း သူမသိချေ....
'Onew shi...'
အိမ်ရှေ့ ခန်းကနေ ဖြတ်လာသူ ကို သူလှမ်းခေါ်လိုက်သည်...
'ဟိုလေ... Minho ဘာဟင်းကြိုက်လဲသိလား...'
့''huh.. ''
Onew တစ်ချက်စဉ်းစားလိုက်ပြီး...
''ကြက်သားဆိုသူစားမယ်ထင်တယ်...''
ကြက်သား..??
Sooyeon တွေဝေသွားပြီး....
--ဘာလို့  သူတို့ ညီအစ်ကိုတွေ အကြိုက်တူနေတာကြပါလိမ့်...--
သူ ဘာမှရေရေရာရာ မစဉ်းစားတော့ဘဲ... ဒယ်အိုး၁လုံးယူကာ သူ ချက်နေကြဖြစ်သော ဟင်းတစ်ခုကို ချက်ရန်
စတင်လိုက်သည်...
-- ညီအစ်ကိုပဲ အကြိုက်ချင်းတူတာမဆန်းပါဘူး....--
'တစ်ယောက်တည်းချက်မလို့ လား.... '
အနောက်က Onew ခုထက်ထိရှိနေသေးသည်ကို သူမေ့သွားပုံရသည်...
'အမ်.... အင်းပေါ့....'
---အခုတော့ ချက်ဖို့ တာဝန်က ငါတစ်ယောက်ပဲရှိတာကို--
သူ ထစ်အအ နဲ့ ပြန်ဖြေလိုက်သည်...
'ဘယ်တုန်းက တစ်ယောက်တည်းချက်ဖူးလို့ လဲ...'
Onew သူ့ လက်ထဲက ဒယ်အိုးကို ဆွဲယူလိုက်ပြီး... သူ့ ကိုမကြည့်ဘဲပြောလိုက်သည်...
Sooyeon မျက်လုံးထဲ အရင်က သူနဲ့ Onew နဲ့ အတူတူ ထမင်းချက်ဖူးခဲ့သော ပုံရိပ်များ ပြန်မြင်ယောင်လာသည်
'ဆီပေါက်မယ်....ဝေးဝေးနေ... ဟင်းရွက်ချွေထားနှင့်...'
ခုထက်မပြောင်းလဲသေးတဲ့ Onew ကိုကြည့်ပြီးသူပြုံးလိုက်မိသည်....သူကသာ ပြောင်းလဲသွားခဲ့တာ ...Onew ကတော့ သူ့ အပေါ်ထားသည့်စိုးရိမ်စိတ်မှာ ခုထိ မပျောက်နိုင်သေး...
YOU ARE READING
<< No.19 >>
RandomOT5 with a girl When 5 Bad Boys meet a bad girl, will they change her or will she change them?? Changing into a new world must happen in One Side :D