လှည့်ပတ်နေတဲ့ နာရီလက်တံတွေနဲ့အတူ
အချိန်ကလည်း တစ်ရွေ့ရွေ့ကုန်ဆုံးနေတယ်...အချစ် ... အချစ် ... ကျနော် သူ့ကို ချစ်မိသွားပြီ ... သို့ပေမယ့် ကျနော်တို့ ဘဝချင်းမတူဘူးလေ ... ဒီအချစ်ကို ဘယ်လိုရှေ့ဆက်ရပါ့မလဲ ... ...
မြေကြီးပေါ်ကိုင်းကျနေတဲ့ ပန်းပွင့်လေးတွေကို Sehun ငေးကြည့်နေမိတယ် ...
" ~ လာခဲ့စမ်း!! ဘယ်ပြေးမှာလဲ ငါ့လက်က ပြေးလို့လွတ်မယ်ထင်လား !! "
မြေကြီးပေါ်မှာ မှောက်ရက်တွားသွားနေရတဲ့ သူ့ဆီကို ဓားကြီးတစ်လက်ကိုင်ကာ ရမက်မီးတွေတောက်လောင်နေတဲ့ ထိုလူကြီးပြေးလာနေသည်!
... ဟင့်အင်း ~ ကျနော် ဘဝကို ဒီလိုအဆုံးရှုံးခံရတော့မှာလား ! ပထွေးဖြစ်တဲ့ ဒီလူကြီးက သိပ်အောက်တန်းကျလွန်းတယ် !
သူက အမေ့ရဲ့အချစ်ဦးပါတဲ့ ! ကျနော့် မိဘတွေက လူကြီးတွေပေးစားကြလို့ ယူခဲ့ကြတာ ... အဖေက အမေ့ကို အရမ်းချစ်ခဲ့တယ် ... ဒါပေမယ့် အမေ ...... အဖေဆုံးတာနဲ့ ဒီလူကြီးကို ယူခဲ့တယ်! ကျနော့်အဖေချန်ခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို မက်မောလို့ ဒီလူကြီးကအမေ့ကိုယူခဲ့တာ! ...
... ကျနော့်ရှေ့မှာတောင် မရှောင်ဘဲ့  အမြင်မတော်တာတွေလုပ်ပြတယ် ! အမေအိမ်မှာမရှိတဲ့အချိန်တွေဆို သူ့သားအရွယ်သာရှိတဲ့ ကျနော့်ကို ... ရိသဲ့သဲ့လုပ်တယ်! ... တစ်ခါတစ်ခါ အမေ့ကို စိတ်နာတယ် ~~ ကျနော့်အတွက် မတွေးပေးခဲ့ဘူး ...... ကျနော့်အာရုံထဲစွဲထင်နေတာက ..
အဲဒီနေ့က မိုးရွာထားပြီးကာစ ...
မိုးရေကြောင့် ခြံထဲက ကျနော်ချစ်တဲ့ ပန်းပွင့်လေးတွေ ပိုမိုပွင့်လန်းနေခဲ့တယ် ...
~ ကျနော် ချစ်တဲ့ ပန်းပွင့်တွေရှေ့မှာ ...
ကျနော် ရက်စက်စွာအနှိမ့်စက်ခံခဲ့ရတာ ......"ဟေ့ !!! မင်း ငါ့ကို ရုန်းဦးမလား ? ဟမ်? sehunရာ လိမ္မာလိုက်စမ်းပါ ... မင်း မနာအောင် ငါလုပ်ပေးမှာပါ ဟားး ဟားး .. "
တဏှာစိတ်တွေပြည့်နေတဲ့ သူ့စကားတွေက ကျနော့်နားထဲ သံရည်ပူလောင်းနေသလိုပဲ ~
ကျနော် လုံးဝအလျှော့မပေးဘူး ! ဒီလူကြီးလက်က လွတ်အောင်ဆက်ပြေးဦးမှာပဲ ... မိုးရွာထားလို့ မြေကြီးတွေက ရွှံ့တွေဖြစ်နေပြီ ... ကျနော့်တစ်ကိုယ်လုံးလည်း ရွှံ့လူးထားသလိုပါပဲ ~ ~