တီ ... တီ ... တီ ...
တိတ်ဆိတ်ငြိမ်သက်နေတယ် ~
အေးစက်စက်အငွေ့အသက်တွေနဲ့ ...~"Lu က ဘယ်လို အဲ့ဒီကိုရောက်သွားတာလဲ"
Yixingရဲ့ အသံက တိတ်ဆိတ်နေတဲ့ လေထုကို ဖြိုခွင်းသွားတယ် ~
သတိမေ့မျောနေတဲ့ Luhanလက်ကလေးကို ဆုပ်ကိုင်ပေးထားတဲ့ Baekhyunက ...
"ငါလည်း စဉ်းစားလို့မရဘူး!! ah!! Xiu ......"
ဘေးနားက Xiuminကို လှည့်ကြည့်လိုက်လေတယ်...
"ဟင်! ဘာလဲ ? "
"ဟို ... နတ်ဆရာမကြီးပြောသလို ! Luကို နှောက်ယှက်နေတာဖြစ်မယ် !"
Xiumin က တော့ စဉ်းစားသလို လုပ်နေတယ်... ထိုအခါ Yixingက ... Luhanလက်လေးကို ဆွဲယူကြည့်လိုက်ပြီး ...
"ဟုတ်မယ်!!! Luမှာ လက်ကောက်မရှိတော့ဘူး "
"အေးဟ ...!!! "
သုံးယောက်သား တစ်ယောက်နဲ့တစ်ယောက် ကြောင်ကြည့်နေကြရာမှ ... Baekhyun က ...
"ထားပါ...Lu နေပြန်ကောင်းလာဖို့အရေးကြီးတယ် ... Yixing မင်းက Luဘေးမှာ စောင့်နေ ... ငါတို့ လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူလိုက်ဦးမယ် "
"အင်း ... အင်း ..."
~~~~
ဖျောက် ... ဖျောက် ... ဖျောက် ...မနက်ဝေလီဝေလင်းအချိန်မို့ ကောင်းကင်ယံမှာ အမှောင်ထုက ရှိနေဆဲ ... တစ်ဖျောက်ဖျောက်နဲ့ မိုးရေပေါက်ကလေးတွေက ကမ္ဘာာကြီးပေါ် ဖြန့်ကျက်လိုက်လေတယ် ......
ကုတင်ပေါ်လဲလျောင်းနေတဲ့ Luhanရဲ့ဘေးမှာ ... အိပ်ပျော်နေတဲ့ Yixingအပြင် .........
Luhanရဲ့လက်ဝါးနုနုလေးကို ဆုပ်ကိုင်ထားရင်း နဖူးနဲ့ ထိကပ်ထားကာ ငိုကြွေးနေတဲ့ Sehun ...
"Luhan... အဲ့လိုကြီး အိပ်မနေနဲ့လေ ~ ကိုယ် မင်းရဲ့ရှေ့မှာ ရှိနေတယ်လေ ထကြည့်ပါဦးး ... "
~ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖွင့်မထုတ်ခဲ့သင့်ဘူး ... မင်းကို မနှောင့်ယှက်သင့်ခဲ့ဘူး ... မဖြစ်နိုင်တဲ့ အချစ်တစ်ခုကို မပျိုးထောင်ခဲ့ရင် ... ... ...
ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး ~
ကိုယ်တို့နှစ်ယောက်လုံး မနာကျင်ရလောက်ဘူး
... ဒါပေမယ့် ပူမယ်မှန်းသိရက်နဲ့ မီးထဲတိုးမိတယ် ... နာကျင်ပေမယ့် မင်းနဲ့ တစ်ခဏအတူတူရှိနေရတာ ကိုယ်အရမ်းပျော်တယ် ... မင်းကို ချစ်တယ် Luhan ...