တချိန်က korea မင်းသားတွေကို ''မကြိုက်ဘူး အခြောက်နဲ့တူတယ် အဲ့လိုမင်းသားတွေကို ကြိုက်တာကရူးနေလို့'' ဆိုပီး ရှုံ့ချခဲ့တဲ့ကျွန်မ သူနဲ့တွေ့တာ သူ့ကိုကြိုက်မိတာ သူ့ကိုချစ်မိတာ အဲ့ဒါတွေကသာ ဝဋ်လည်ဖို့ အကြောင်းခံတွေဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီဝဋ်ကြွေးကို ပျော်ပျော်ကြီးအလည်ခံပီး လှပတဲ့ဝဋ်ကြွေးတစ်ခုလို့သာ ခေါင်းစဉ်တပ်ပါရစေ ....
ကျွန်မသူ့ကိုစတွေ့ခဲ့တဲ့အချိန်က အထက်တန်းဖြေပီးခါစအချိန်တစ်ခုပေါ့ ...
Exo debut လုပ်ခါစ ကောင်မလေးတွေကြား Exo ဆိုပီး နာမည်တစ်ခု ရေပန်းစားနေတဲ့အချိန်လေး ...
ကျွန်မ Exo ဆိုတဲ့ နာမည်ကြားရုံနဲ့ အမြင်ကပ်ခဲ့တာ Exo ကိုအမြင်ကပ်တယ်ဆိုတာထက် သည်းသည်းလှုပ်ဖြစ်နေကြတဲ့ ကောင်မလေးတွေကြောင့်ဆို ပိုမှန်လိမ့်မယ် ...
ကျွန်မအစ်မဝမ်းကွဲတွေ အိမ်ကိုလာတိုင်း Exo Exo ဆိုပီး ဘယ်သူကသူ့ဟာငါ့ဟာနဲ့ နားကိုငြီးနေတာပဲ ကျွန်မလည်း နင်တို့ Exo က ဘာမလို့အဲ့လောက်ဖြစ်နေတာလဲဆိုပီး သူတို့ဆီက Exo အခွေတစ်ခွေငှားလိုက်တယ် ပြီးတော့ ညမအိပ်ခင် ခဏလောက်တော့ကြည့်မယ်ဆိုပီး Laptopထဲ Exo အခွေထည့်လိုက်တယ် နာမည်ကဘာတဲ့ Exo Showtimes တဲ့ ....
စစကြည့်ချင်းတော့ နာမည်တွေမသိဘူးပေါ့ လူတွေကလည်းမှတ်ရတာများလိုက်တာဆိုတာလေ မှတ်ကိုမမှတ်မိတာ ရုပ်တွေကဆင်တူ နေသလို မခွဲတတ်တော့တာအမှန်ပါ ....
Showtimes စစချင်းမှာ Bright Person က မေးခွန်းတွေမေးထားတဲ့ စာရွက်တွေထယူပေးပါ ဆိုတော့ တစ်ယောက်ကထယူလိုက်တယ် အဲ့တစ်ယောက်ကိုတော့ cool guy လို့ပြောကြတယ် သူ့လက်ထဲကနေ နောက်တစ်ယောက်က လုယူလိုက်တယ် သူက Bright Person ဆိုပီးတော့ပေါ့ ....
ကျွန်မအံ့သြသွားတယ် သူလုယူရဲတယ်ဆိုပီးတော့ပေါ့ လုယူခံရတဲ့တစ်ယောက်ကတော့အေးဆေးပဲ ဘာမှမဖြစ်ပဲ နွားနို့ဆက်သောက်နေတယ် အော် cool guy ပီသပါပေတယ်လို့တောင် ချီးကျူးမိသေးတယ် ....
ဟိုတစ်ယောက်နာမည်ကဘာတဲ့ Chanyeol ဆိုလားပဲ သူ့ကိုတော့အမြင်ကပ်မိတယ် သူ့ကိုယ်သူအထင်ကြီးတယ်လို့ထင်မိလို့လေ ...
Showtimes ကြည့်ရင်းကြည့်ရင်းနဲ့ wink လုပ်ပြရတဲ့အခန်းရောက်လာတယ် အားလုံး wink လုပ်ပြကြတယ် ကျွန်မလည်း သူတို့လုပ်တာလေးတွေကိုသဘောကျမိတယ် အရင်ကလိုအမြင်မကပ်တော့ဘူး ဒါပေမယ့် ကြိုက်တော့မကြိုက်သေးဘူးပေါ့ ....
ဟိုတစ်ယောက် wink လုပ်တဲ့အခန်းရောက်လာတယ် သူကတခြားသူတွေနဲ့မတူဘူး တမျိုးလေးပဲလုပ်ပြတယ် ကျွန်မကအစထဲကသူ့ကိုအမြင်မကြည်တော့ ယောက်ျားလေးဖြစ်ပီးပဲကများသေးဆိုပီး မှတ်ချက်တစ်ခု ထပ်ပေးမိပြန်တယ် ....
တော်ပါပီ မကြည့်တော့ဘူးဆိုပီး အဲ့နေ့ညက စောစောအိပ်ယာဝင်ခဲ့တယ် အဲ့တစ်ယောက်ပေါ့ ကျွန်မအိပ်မက်ထဲထိတောင် ရောက်လာသေးတယ် အိပ်မက်ထဲမှာတောင် ကျွန်မကို မျက်စိမှိတ်ပြတယ် ကျွန်မလည်းလန့်ပီး အိပ်မက်ကလန့်နိုးသွားတယ် ....
မနက်ရောက်တော့ Exo Showtimes အခွေ ထပ်ကြည့်မိတယ် ကျွန်မလေ သူ့ကိုဘယ်လိုကြိုက်သွားမှန်းကိုမသိတော့တာ Showtimes နောက်အပိုင်းတွေကြည့်လေလေ သူက Happy Virus ဖြစ်ပီး လူတိုင်းကိုလိုက်စတာတွေ သူပျော်ရွှင်နေတာတွေကြည့်ပီး ကိုယ်ပါလိုက်ပျော်မိတယ် ...
အဲ့ဒီနေ့ကစပီး ကျွန်မကြိုက်တဲ့ရုပ်ရှင်ကားတွေနေရာမှ Exoနဲ့ပတ်သတ်တဲ့အခွေတွေနေရာယူလာတယ်
ကျွန်မအခန်းထဲက ပန်းပုံပန်ချီကားတွေအစား Exo အဖွဲ့ပုံတွေ များသောအားဖြင့် သူ့ပုံတွေအများဆုံးနေရာယူလာခဲ့တယ် ....သူ့အကြောင်းတွေ သူ့ရဲ့ Schedule တွေ သူ့အကြိုက်တွေအားလုံးကို အင်တာနက်တွေ webside တွေထဲက ရှာဖွေမွှေနှောက်ရတာ ကျွန်မအတွက်တော့ နေ့စဉ်လုပ်ဆောင်ရမယ့် တာဝန်တစ်ခုလိုဖြစ်နေပီ ....
ဒီနေ့က ကျွန်မ အထက်တန်းအောင်တဲ့နေ့လေးပေါ့ ဘာသာစုံဂုဏ်ထူးပါတဲ့ကျွန်မ မိဘတွေက ဆရာဝန်ဖြစ်စေချင်တယ် ....
မိဘတွေနဲ့အတိုက်ခံလုပ်ပီး Korea Major ကိုအဓိကယူခဲ့တယ် ပြီးတော့ Make up Artist ဖြစ်အောင် Make up ပညာကို ကြိုးစားသင်ယူခဲ့တယ် Design ပညာကိုလည်း သင်ယူခဲ့တယ် ....
ကျွန်မရဲ့အဓိကရည်ရွယ်ချက်က သူနဲ့အနီးဆုံးမှာနေနိုင်ဖို့
သူ့ဆီအရောက်သွားဖို့ ကျွန်မရဲ့ပထမခြေလှမ်းတွေကိုစတင်ခဲ့တယ် ...လူတိုင်းကတစ်ခုမဟုတ်တစ်ခုရူးကြတာပဲလေ
ကျွန်မလည်းသူ့ကိုရူးမိတာအပြစ်မှမဟုတ်တာပဲ ကျွန်မဆက်ရူးနေအုံးမှာ
ကျွန်မအသက်ရှင်နေသ၍ အချိန်တိုင်း စက္ကန့်တိုင်း မိနစ်တိုင်းမှာ သူ့အတွက်ရူးနေအုံးမှာ ....ကျွန်မနှုတ်ခမ်းဖျားတွင် ညည်းလိုက်မိသော သံစဉ်လေးတစ်ကြောင်း ...
''I am your biggest fan
I'll follow you until you love me
papa-paparazzi ... ''~~~~~~~~~~~~~~~~~~~~~~~~~~~~
YOU ARE READING
Paparazzi (Chanyeol ×OC)[completed]
RandomFan တစ်ယောက်ထက် ပိုပီးရူးသွတ်မိတယ် အချိန်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းနေရာတိုင်းမှာ စိုးမိုးထားနိုင်လွန်းသောသူ့အတွက် ကျွန်မက Paparazzi တစ်ယောက်ဖြစ်ခဲ့တယ် ....