ကန်တော်ကြီးရေပြင်ကိုကြည့်ပြီးPicasoတို့အဖွဲ့ စကားတပြောပြောနှင့် ထိုင်နေသည်မှာအတော့်ကိုကြာနေပြီ ဖြစ်သည်။ သူတို့အဖွဲ့သည် များသောအားဖြင့် ကန်တော်ကြီးလိုပန်းခြံနေရာမျိုးကိုသွားလေ့မရှိပါ။ Junction Squareတွင်သာဆုံတတ်ကြသည်ကများ၏ သူတို့လိုအဖွဲ့တွေ လာတတ်လွန်းသဖြင့် Junction SquareကိုKpopperများစုံစည်းရာဟုတောင် အမည်ပြောင်းထားရမလိုတောင် ဖြစ်နေ၏ သူတို့တွေဆုံပြီးစကားပြောလျှင် လည်းအခြားအကြောင်းတော့မဟုတ် Exoအကြောင်းကအခွန်းတိုင်းလိုလိုထပ်နေသည်။ ရံဖန်ရံခါ အခြားအဖွဲ့ များလည်း ကြားပေါက်ပြီးပါလာတတ်သေးသည်။ရောက်ပြီးရင်လည်းတော်တော့်နှင့် မပြန်နိုင်၊ ဟိုဆိုင်ဝင်ပြီး ၀ယ်မယောင် ဒီဆိုင်ဝင်ပြီး ၀ယ်မယောင် လုပ်နေသော်လည်းKpopခွေမှလွဲရင် ဘာမှမ၀ယ်ပဲ ပြန်ထွက်သည်ကများ၏ အပတ်တိုင်းလိုလိုဒီနေရာကိုသာလာရသည်ကများသောကြောင့် Deerငြီးငွေ့နေပုံရသည်။ ထို့ကြောင့် ဒီအပတ်ကန်တော်ကြီးတွင် ပြောင်းလဲတွေ့ဆုံရန် ချိန်းမိခြင်းဖြစ်သည်။ Baconမှလွဲလျှင် ထိုအကြံကိုအားလုံးကသဘောတူကြ၏ ရည်းစားလည်းမရှိအလကားနေရင်းချိန်းတွေ့နေသောစုံတွဲများအားတွေ့ရမည်ကိုBaconစိတ်ညစ်သည်။ (မှတ်ချက်။ ။ သူတို့အဖွဲ့တွင် 95%လောက်က ရည်းစားမရှိသူများဖြစ်သည်။)သို့သော်လည်းအများဆန္ဒဖြစ်သဖြင့် Baconမလွန်ဆန်နိုင်ပဲသဘောတူလိုက်ရသည်။ (ဟွန်းမိုးကောင်းတုန်းရွာထားကြပေါ့ ငါနဲ့Baekမင်္ဂလာဆောင်မှ နီတို့ဘက်ကို ပန်းစည်းလုံးဝ ပစ်မပေးဘူး။)ယခုတော့ သူတို့အဖွဲ့မှာGenieဆိုသောကောင်မလေးမရောက်သေးသဖြင့် သူ့ကိုစောင့်ရင်းPicasoကစပြီးလေပေါ၏ 'အင်းမမြဲတဲ့အနိစ္စသဘောကိုငါလက်ခံတယ် အဲဒါကြောင့်ပဲငါကလေIdolဆိုရင် နှစ်ပတ်ကိုတစ်ယောက် ပြောင်းပြောင်းကြိုက်ခဲ့တာအဲသူနဲ့တွေ့တဲ့ အခါမှာတော့....'Picaso၏သူဆိုသည်မှာKrisကိုဆိုလိုခြင်းဖြစ်သည်။ သူကKrisကိုအတော်လေးရူးသွပ်သည်။ အဘယ်မျှရူးသွပ်သနည်းဆိုသော် Kris၏ထောင်ချီသောပုံများကိုသူ့ဖုန်းနှင့်ကွန်ပျူတာထဲတွင် သာမကအိမ်တွင်ရှိသမျှ Mp4, tablet, laptop......အစရှိသည့် ချမ်းသာသ၍ အိုင်တီပစ္စည်းများထဲတွင် ထည့်ထားပြီးစိမ်ပြေနပြေကြည့်ကာရူးတတ်သူဖြစ်သည်။ MVများကြည့်လျှင်လည်းလူသူရှေ့တွင် မကြည့်တတ် ခိုးကြောင်ခိုးဝှက်နှင့် ခြင်ထောင်ထဲတွင် MVကို Slow motionနှင့် တစ်ယောက်ထဲကြည့်တတ်သည့်အကျင့် ရှိသေးသည်။သူများတွေတွေ့ရင် ဟိုကားဒီကားတွေကြည့်နေသလားထင်မှတ်ရသည်။ဘယ်သူတွေ ဘယ်လိုထင်ထင်သူကတော့သူ့စိတ်ကူးနှင့်သူမို့ နေပျော်နေသည်။ပုံကြည့်ရုံတင်လည်းမဟုတ် အသားကုန်ခံစားပြီးfanficများလည်းထိုင်ရေးသေး၏ သို့သော် ထူးဆန်းသည်ကားသူရေးသောficများအားလုံးမှာ ဟာသ၀တ္တုပဲ ဖြစ်နေသည်ကဆိုး၏ သူ့fanficဖတ်ပြီးထိုင်ရယ်နေသူတွေကိုသူကပြောသေးသည်။ 'နင်တို့တွေကလေအကြင်နာတရားကိုမရှိကြဘူး။ ငါ့Romanticဇာတ်လမ်းလေးတွေကိုအားရပါးရထိုင်ရယ်နေရလား။ငါရေးတာDramaဟဲ့ Drama'ဖတ်တဲ့သူတွေသာရယ်ရလွန်းလို့ အူတွေလည်ချောင်းတွေ နာပြီးသေမည်သူကအဲဒီလိုDramaဆိုပြီးငြင်းနေမည့်အုံးမည့်ပုံဖြစ်၏သို့သော် Krisအကြောင်းပြောရင်တော့ တကယ့်Romantic စကားလုံးတွေသာထွက်လာ၏ Picaso၏ရင်တွင်းခံစားချက်များကိုနားထောင်နိုင်စွမ်းမရှိတော့သဖြင့် Deerကအတင်းစကားကြားဖြတ်တော့၏ 'ဟိုလေငါတခါတလေစဉ်းစားမိတယ်သိလားတကယ်လို့ GDနှင့်Luhanတို့နှစ်ယောက် တစ်ပြိုင်တည်းသာရေနစ်ရင် ငါဘယ်သူ့အရင်ကယ်ရပါ့မလဲလို့' သူ့စကားကို ကြားဖြတ်သောDeerကိုသိပ်မကြည်သဖြင့် 'ဒါများအမရွေးလို့ရမှာမဟုတ်ဘူးခေါင်းခြောက်ခံပြီးမစဉ်းစားနဲ့ အမကိုယ်လုံးနဲ့ ကန်ထဲကိုသာအရှိန်နဲ့ ခုန်ဆင်းလိုက်ရင် အဲဒီဟိုနှစ်ယောက် ကမ်းပေါ်ကိုဝုန်းကနဲကို ပြန်ကန်တက်လာမှာ။ အဟဲအမကတော့ မြှပ်သွားမှာပေါ့နော် မပူပါနဲ့ သူတို့နှစ်ယောက်စလုံးကိုမီးအနစ်နာခံပြီးစောင့်ရှောက်ပေးမှာမို့ တမလွန်ကနေစိတ်ချလိုက်စမ်းပါ ဟားဟား''နီတေမယ် တိလား...' မကြီးမငယ်နှင့် စနောက်နေကြသောPicasoနှင့်Deerကြားတွင် Witmoက၀င်ပါသေးသည်။ 'OmmaOmmaရဲ့စကားကိုသမီးထောက်ခံတယ် သိလား။ (PicasoကိုWitmoကOmmaဟုသာခေါ်သည်။ အဘယ့်ကြောင့်ဆိုသော် KrisကိုAppaတော်ထားသောကြောင့်ပင်။) တကယ်လို့ OmmaသာLuhanကိုကယ်လိုက်ရင် သူတို့ကကျေးဇူးရှင်ဆိုပြီးအားလုံးလာတွေ့ကြမှာပဲဒါကြောင့် သမီးလည်းစဉ်းစားနေတာEXOတွေလာရင် အဆင်သင့်ဖြစ်အောင် ကိုယ့်ကိုယ်ကို ကြံ့ခိုင်အောင်လုပ်ထားမလားလို့'Witmo၏စကားမှာအနှောင့်အသွားမလွတ် ဖြစ်နေသဖြင့် နားထောင်မိသူအပေါင်း ကြက်သီးမွှေးညှင်းထသွားကြသည်။ 'ဟဲ့ နင့်စကားကဘယ့်နှာကြီးတုန်း' 'သြော် သမီးပြောချင်တာက Anti-kpopperတွေ ရန်ကကာကွယ်ပေးချင်လို့ သိုင်းတွေဘာတွေ သွားသင်မလို့ပြောတာဟီး' 'ထားလိုက်ပါတော့ ဒါနဲ့ Genieတစ်ယောက်လည်းမလာသေးပါလားနေရာသေချာပြောလိုက်ရဲ့လား' 'မပြောပဲနေမလားနင့်ထက်အရင်တောင် သူ့ကိုအကြောင်းကြားထားတာ''အဲဒါကြောင့် ပြောတာပေါ့ Baconမပြောဘူးလားဒီပန်းခြံတွေ မလာချင်ပါဘူးလို့ အခုတော့ Genieလမ်းပျောက်နေပြီလားမသိဘူး။' 'ဒါဆိုသူ့ဆီကိုဖုန်းဆက်ကြပါအုံး' 'ဆက်တာပဲOmmaရဲ့ သူမကိုင်ဘူးဘာဖြစ်လို့လဲမသိဘူး'Witmo၏စကားကိုမယုံသဖြင့် ကျန်သည့်သူများလည်းဆက်ကြည့်ကြ၏ သို့သော် Genie၏ဖုန်းမှာဆက်သွယ်မှု ဧရိယာပြင်ပဘာညာသာရကာအသံကြောင့်မဟုတ်ပဲဖုန်းမကိုင်သောကြောင့် ခေါ်ဆို၍မရခြင်း ဖြစ်နေလေသည်။ 'သူဘာလို့ ဖုန်းမကိုင်တာလဲမသိဘူးနော်။ ဒီအချိန်မှတော့ မလာလောက်တော့ပါဘူး......'
သူတို့သူငယ်ချင်းGenieမှာသူတို့ထင်သကဲ့သို့ မလာပဲနေသဖြင့် မျက်နှာပူပြီးဖုန်းမကိုင်ခြင်းမဟုတ်ခဲ့ပါ။ ချိန်းထားသောနေရာသို့ သူလာခဲ့ပါ၏ သို့သော် လမ်းခုလတ်တွင် စည်းကမ်းမဲ့စွာမောင်းနှင်လာသောဆိုက္ကားတစ်စီးကြောင့် 'ဒုန်း' နွေ၏နေအပူရှိန်ကြောင့် ရေမရှိပဲခြောက်ခမ်းနေသည့် ရေမြောင်းဘေးတွင် ချစ်စရာကောင်းသောGenieလေးမှာနားကျပ်ကြီးတပ်ကာကားကားလေးလဲကျလျှက်...သူမ၏ဖုန်းကတော့ မြည်နေသေးသည်။
Genieတစ်ယောက် အတော်လေးသက်တော့သက်သာပုံစံမျိုးကိုခံစားနေရသည်။ ဤမျှလောက် ဇိမ်ကျစွာတခါမှသူမအိပ်ဖူးပေ။ ခံစားချက်မှာတိမ်တွေပေါ်မှာအိပ်နေသလိုမျိုးပင် လေကလည်းတဖြူးဖြူးတိုက်နေသည်။ အဲကွန်းမှထွက်လာသောလေလိုအေးရှရှကြီးမဟုတ်။ တကယ့်ကိုလေဟုန်စီးရင်းအိပ်နေရသလိုမျိုးပင်။ သူမမျက်လုံးကိုအသာလေးဖွင့်ကြည့်သည်။ 'ဟင်....' သူနိုးနိုးခြင်းမျက်လုံးပြူးသွားရသည့် အကြောင်းအရင်းကားသူရောက်နေသောနေရာမှာတကယ့်တိမ်တိုက်ပေါ် ဖြစ်နေသောကြောင့်ပင်။ အောက်ကိုငုံ့ကြည့်တော့လည်းအိမ်လေးတွေကိုတောင် ခပ်မှိန်မှိန်တွေ့ရသည်။ သူဝတ်ထားသော အ၀တ်အစားမှာလည်း သူ့အကျီထဲမှမဟုတ် မင်္ဂလာဆောင်တွေမှာပန်းကျဲသည့်ကလေးများ ၀တ်လေ့ရှိသည့် အဖြူဂါဝန် တိုတိုကားကားလေး။ နောက်ပြီးသူ့ကျောကုန်းမှာတစုံတခု ငြိနေသလိုခံစားရသည်။ သေချာကြည့်လိုက်တော့မှ အတောင်ပံကြီးဖြစ်နေသည်။ 'အမလေးအမေရေကယ်ကြပါအုံးအမေ့သမီး လူ့ဘ၀ကနေ ငှက်ဘ၀ရောက်ပြီထင်ပါတယ် မိုးပေါ်လည်းရောက်နေတယ်။ အတောင်ပံလည်းပေါက်နေပြီအမေရဲ့ ဟင့် ဖုန်းလည်းမပါတော့ ဘယ်ကနေဆက်ရပါ့မလဲ။ကယ်ကြပါဦး.......ဟင့် ဂါဝန်ကလည်း ဘယ့်နှယ်ကားကားကြီးလဲအောက်ကနေမှန်ပြောင်းနဲ့ မိုးပေါ်ထောင် ကြည့်တဲ့ သူနဲ့တွေ့ရင် ငါတော့ဒုက္ခပါပဲ.......'
To be continued
![](https://img.wattpad.com/cover/68462917-288-k165463.jpg)
YOU ARE READING
Angel
FanfictionExoအဖွဲ့လိုက် မြန်မာနိုင်ငံကို ရောက်လာပြီး နတ်သမီးFanတစ်ယောက်ကြောင့် အလွဲတွေဖြစ်လာပုံကို ဇာတ်လမ်းဆင်ရေးသားထားတာပါ ထူးထူးခြားခြား Fanတွေပါ ထည့်ရေးထားလို့ စာဖတ်သူအနေနှင့် ကိုယ့်ဟာကိုယ် စိတ်ကူးယဉ်ကာ ဖတ်နိုင်ပါသည်ဟု