Curse 3

1.1K 87 4
                                    

🌹Zawgyi🌹

' ဖုန်းလာနေတယ် အစ်ကိုလေး . . . အစ်ကိုလေး
နဲ့ပြောချင်လို့တဲ့ '

ဒီမြို့ကို ကျွန်တော်လာလည်တာ ရက်ပိုင်းလေးပဲ ရှိသေးသည်။ဒီလာလည်တာ အရင်းနှီးဆုံးသူငယ်ချင်းတွေပဲ သိသလို သူတို့ကိုတောင် ဒီအိမ်ရဲ့ဖုန်းနံပါတ်မပြောပြခဲ့ပါ။
ပြီးတော့ အစ်ကိုလေးနဲ့ ပြောချင်လို့တဲ့။

တိတ်ဆိတ်နေတဲ့ စားပွဲဝိုင်းမှာ ကျွန်တော်ကိုစောင့်ကြည့်
နေတဲ့ မျက်လုံးတွေ တသီကြီးကျရောက်လာသည်။တသီ
ကြီးကျလာလည်း မတတ်နိုင်၊ လောလောဆယ်တော့ ဖုန်း
ဖြေရဦးမည်။

' ဟုတ်ကဲ့ . . . ညီနှိုင်းဘွဲ့ ပြောနေပါတယ် '

တစ်ဖက်က အသံတိတ်နေသည်။ခဏစဉ်းစားဟန်ပြုပြီးမှ

' ကျွန်မ တစ်ခုသတိပေးချင်လို့ပါ '

ချိုသာသောအသံလေးနောက်တွင် ပြတ်သားသောစကားတစ်ခွန်း ကပ်ပါလာသည်။

' စာကြည့်တိုက်နားက စံကားပင်ကြီးနဲ့ သွားမပက်သတ်ပါနဲ့ '

' ဗျာ '

ရုတ်တရတ်မို့ဘာပြောရမှန်းတောင်မသိပဲ သူကြောင်သွားသည်။

' ကျွန်တော်မရှင်းဘူး။ဘာကိုဆိုလိုတာလဲ '

' ရှင်က ဒီမြို့ကိုလာတဲ့ ဧည့်သည်ဖြစ်တဲ့အတွက် ကြိုသတိပေးတာပါ။ရှင် အဲ့ဒိစံကားပင်နဲ့ ဝေးဝေးနေပါ '

' ဘာဖြစ်လို့လဲ . . . ပြီးတော့ ငါကဧည့်သည်မှန်း မင်း
ဘယ်လိုလုပ်သိလဲ '

' ဘယ်လိုသိသိ အရေးမကြီးပါဘူး။ကျွန်မပြောသလိုသာလုပ်ပါ။အဲ့ဒိစံကားပင်ကြီးနဲ့ လုံးဝ သွားမပတ်သတ်ပါနဲ့ '

တစ်ဖက်မှမိန်းကလေးက ပြောချင်တာတွေပြောပြီး ဖုန်းချသွားလေသည်။ပြောသွားတာကလည်း အထက်စီးက . . . အင်း ငါလည်း ဘယ်လိုမိန်းကလေးတွေနဲ့တွေ့နေရတာလည်းမသိဘူး။

ဒါနဲ့ သူကငါ့ကိုဘယ်လိုလုပ်သိတာလဲ။လာလည်တာမှန်းလည်း သိတယ်။ပြီးတော့ စံကားပင်ကြီးနဲ့မပက်သတ်ဖို့။

မနက်စာလည်း စားချင်စိတ်ပျောက်သွားပေပြီ။ထမင်းစား
ခန်းထဲဝင်ပြန်လျှင်လည်း ပလိပ်စစ်စစ်မေးရန် အဆင်သင့်
စောင့်နေသူများရှိဧ။်။စကားပြောချင်စိတ်လည်းမရှိတော့တာမို့ မနေ့က ငှားထားတဲ့စာအုပ်ကိုယူပြီး စက်ဘီးနှင့် စာကြည့်တိုက်ဘက် ဦးတည်နင်းလိုက်သည်။

စံကားပင်ပျိုလေးရဲ့ အဖြူရောင်ကျိန်စာWhere stories live. Discover now