Curse 15

784 66 4
                                    

🌺Zawgyi🌺

အမှန်တရားဆိုတာကို မသိခင်ကတော့ လူုတိုင်းဟာ အမှန်တရားရဲ့ ဘက်တော်သားဖြစ်ချင်ကြတယ်။တကယ်တမ်းကျတော့ လူတွေဟာ အမှန်တရားရဲ့ချိုမြိန်မှုကိုပဲ စားသုံးချင်ကြတာ ခါးသီးမှုကိုကျတော့ လက်မခံနိုင်ကြဘူး။တခါတလေ လောကမှာ ဖော်ထုတ်တိုင်းမကောင်းတဲ့ အမှန်တရားတွေ အများကြီးရှိတယ်ဆိုတာ ယွန်းသိသွားပါပြီ။

တကယ်တော့ ဒါတွေအားလုံး ယွန်းအပြစ်တွေပါ။တန်ပြန်အကျိုးသက်ရောက်မှုသာ ဒီလိုဖြစ်မယ်မှန်းသိခဲ့ရင် လူတကာကို ဒုက္ခရောက်စေတဲ့ မြယွန်းဘုံထက် လောကကြီးအကြောင်း၊အတိတ်အကြောင်း ဘာတစ်ခုမှမသိတဲ့ ယွန်းအဖြစ်ကိုပဲ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မှာပါ။

ဖြည်းဖြည်းချင်း မီးလောင်ကျွမ်းနေသော စံကားပင်ကို ခံစားချက်ကင်းမဲ့သော မျက်လုံးတွေနဲ့ ကြည့်နေတဲ့ မမကို မေးခွင့်ရှိလျှင် ' ယွန်းကို ဘာလို့ အဲ့လောက်တောင် မုန်းနေရတာလဲ ' ဟု မေးလိုက်ချင်သည်။ဒီတစ်ခါလည်း အဲ့ဒိတုန်းကလိုပဲနော် မမ။ယွန်း မီးတွေထဲကနေ ကိုယ်လွတ်ရုန်းလာတာကို မြင်ရက်နဲ့ မမ တံခါးပိတ်ပစ်ခဲ့တာ။အခု ယွန်းထွက်မပြေးရင် ဒီကစားပွဲ အဆုံးသတ်သွားမယ်မဟုတ်လား။

' ယွန်း . . . '

အသံလာရာကို ယွန်း လှမ်းကြည့်လိုက်တော့ နှိုင်းဘွဲ့။နှိုင်းဘွဲ့က စက်ဘီးကို လမ်းမတွင်ပစ်ချကာ စံကားပင်နားသို့ ပြေးလာနေသည်။မမကတော့ မတုန်မလှုပ်။

' ခင်ဗျား ဒါဘာလုပ်တာလဲ? '

နှိုင်းဘွဲ့က မမကို ဒေါသတကြီး ပြောသည်။

' ယွန်း တစ်ခုခုဖြစ်လို့ကတော့ ခင်ဗျားကို လုံးဝခွင့်မလွှတ်ဘူး '

နန်း စံကားပင်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။ပြီးမှ

' မင်း ဘာတွေပြောနေတာလဲ။ယွန်းက သေသွားပြီလေ '

သို့သော် နှိုင်းဘွဲ့ကား အနွေးထည်ကို ချွတ်၍ ခေါင်းပေါ်တွင်မိုးကာ မီးလောင် ပတ်ပတ်လည်လောင်နေတဲ့ စံကားပင်ဆီသို့ သွားရန်ပြင်နေပြီ။ထိုစဉ် ကားတစ်စီးက စာကြည့်တိုက်ဝင်းထဲတွင် ကျွီခနဲ ထိုးရပ်သွားသည်။ထိုကားပေါ်မှ အမြန်ပြေးဆင်းလာသော လူနှစ်ယောက်ကို ကြည့်ကာ နန်း အံ့သြသွားသည်။ကဗျာ နဲ့ ကိုဗညားစစ်။

စံကားပင်ပျိုလေးရဲ့ အဖြူရောင်ကျိန်စာWhere stories live. Discover now