Curse 10

821 80 0
                                    

🌳Zawgyi🌳

' မတွေ့ရတာကြာပြီနော် ဒေါ်စံပယ်ခင် '

ထိုအချိန်မှစ၍ စကားဝိုင်းလေးမှာ ပုံမှန်ထက်တိတ်ဆိတ် သွားပြီး အေးစက်လာသည်။လူတိုင်းစကားမစကြဘဲ ငြိမ် ကျသွား၏။အထူးသဖြင့် အန်တီလေးနဲ့ နှိုင်းဘွဲ့အဘွားဖြစ် သည်။ဆိတ်ငြိမ်မှုကို ဖြိုခွင်းလိုက်သူမှာ နှိုင်းဘွဲ့မေမေ။

' ဒီနေ့ သားတို့သမီးတို့ကို အရေးတကြီးပြောစရာရှိတယ် '

ကဗျာကတော့ ဘယ်စကား ဘယ်ရောက်မယ်မှန်း သိနေသဖြင့် နှိုင်းဘွဲ့ရဲ့တုံ့ပြန်မှုကို မမြင်ရဲ၍ ခေါင်းကိုငုံ့ချလိုက် သည်။

' သားလေးညီနှိုင်းဘွဲ့နဲ့ ဒီကသမီးလေး ပန်းကဗျာကို မေ
မေတို့က စေ့စပ်စေချင်တယ် '

' ဗျာ '

ရုတ်တရတ်ထွက်လာတဲ့ သူ့အသံက အံ့သြမှုနဲ့အတူ ငြင်း
ဆန်နေသည်ဟု ကဗျာထင်သည်။

' ဟုတ်တယ်...ကဗျာ့အဘွား မဆုံးမီကတည်းက လူကြီးချင်း သဘောတူနေတာ။အခုအဘွားမရှိတော့ နောက်ဆုံးဆန္ဒကို အန်တီက ကဗျာ့အုပ်ထိန်းသူအနေနဲ့ ဖြည့်ဆည်း
ပေးချင်တာ '

အန်တီလေးက ဝင်ပြောသော်လည်း အခုချိန်ထိ နှိုင်းဘွဲ့အဘွားက ငြိမ်နေသေးသည်။

' ဒါပေမယ့် သားတို့က ဘာမှ... '

သူ့အမေက ဆက်မပြောနဲ့ဟု လက်ကာပြလိုက်၍ နှိုင်းဘွဲ့
ခေါင်းငိုက်စိုက်ကျသွားသည်။

' သမီးလေးကရော '

အန်တီ့အမေးကို ကဗျာမဖြေခင် သူက ကဗျာ့ကို ငြင်းမလားဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ မော့ကြည့်သည်။ငါ
တကယ်စိတ်မကောင်းပါဘူး နှိုင်းဘွဲ့ရယ်။

' သဘောတူပါတယ် အန်တီ '

အန်တီလေးကလည်း . . .

' ကောင်လေးရော အန်တီ့တူမလေးကို သဘောမတူစရာရှိလား'

နှိုင်းဘွဲ့က ကဗျာ့ကို မသိမသာ မျက်မှောင်ကျုံ့ကာ ကြည့် နေပြီးမှ သက်ပြင်းချလိုက်ပြီး ခေါင်းငြိမ့်သည်။ထို့နောက်
စကားဝိုင်းလေးက ပိုတိတ်ဆိတ်သွားသည်။တစ်ချို့က
တော့ စိတ်ထဲမှာပျော်ရွှင်နေပြီး တစ်ချို့ကတော့ စိတ်ထဲမှာမွန်းကြပ်လွန်းလို့ ထွက်ပြေးချင်နေလောက်သည်။

စံကားပင်ပျိုလေးရဲ့ အဖြူရောင်ကျိန်စာWhere stories live. Discover now