Curse 11

828 76 7
                                    

🍀Zawgyi🍀

စာကြည့်တိုက်အပြင် ကားလမ်းမမှာ လမ်းဘေးချကာ ရှေ့
ဆင့်နောက်ဆင့် ရပ်ထားတဲ့ ကားနှစ်စီးရှိနေသည်။ထိုကား
နှစ်စီးရဲ့ တစ်စီးရှေ့တွင် ကျောမှီရပ်ကာ စာကြည့်တိုက်ဘက်ကို ပြုံးရင်း ငေးကြည့်နေတဲ့ ဒေါ်မြနန်းဘုံနဲ့ ပိုက်ဆံအိတ်ကို လက်တွင်ချိတ်ကာ လက်နှစ်ဖက်ကို ပြန်ပိုက်ထား
ရင်း ဒေါ်မြနန်းဘုံကို စိုက်ကြည့်နေတဲ့ ဒေါ်စံပယ်ခင်။

နှစ်ယောက်စလုံးရဲ့ ဂုဏ်အရှိန်အဝါက မတူညီသည့်တိုင် အာဏာနဲ့ ချမ်းသာမှုပိုများသည့် ဒေါ်စံပယ်ခင်က ဒေါ်မြနန်းဘုံနားတွင် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ပျောက်နေသည်။

' ဒေါ်စံပယ်ခင် ကျွန်မတို့အပေးအယူကိုတော့ မမေ့ပါဘူး
နော်...ကျွန်မတောင်းဆိုသမျှ အကုန်လက်ခံရမယ်ဆိုတာ
လေ '

' မမေ့ပါဘူး '

' မမေ့လည်း ထပ်ပြောပြမယ်။ကျွန်မကိစ္စတွေကို ဝင်မရှုပ် ဖို့ ပြောထားတယ် မဟုတ်ဘူးလား '

ဒေါ်မြနန်းဘုံက စာကြည့်တိုက်ကို ကြည့်နေရာမှ ဒေါ်စံပယ်
ခင်ကို တစ်ချက်လှည့်ကြည့်ပြီး နားလည်လားဆိုသည့်ဟန်
မျက်လုံးနဲ့ စကားပြောသွားသည်။

' ညီနှိုင်းဘွဲ့ကို သေချာထိန်းသိမ်းထားပါ။ဂုဏ်သိက္ခာကို
တန်ဖိုးထားတဲ့ ဒေါ်စံပယ်ခင်အတွက် ကျွန်မပြောတဲ့အ
တိုင်းပဲလုပ်တာ အကောင်းဆုံးပဲ '

' ကောင်းပြီလေ . . . နှိုင်းဘွဲ့အတွက်တော့စိတ်မပူပါနဲ့ '

' နောက်တစ်ခုက ဘယ်လိုပဲဖြစ်ဖြစ် နှိုင်းဘွဲ့နဲ့ကဗျာရဲ့
စေ့စပ်ပွဲကို ဖြစ်အောင်လုပ်ရမယ် '

' ကလေးတွေရဲ့ ရှေ့ရေးကိုတော့ သူတို့ဘာသာဆုံးဖြတ် ပါစေ။ဒီတစ်ခုတော့ '

အကြည့်စူးစူးတချက်ကြောင့် ဆက်မပြောတော့ဘဲ ရပ်လိုက်ရသည်။

' ရှင့်မှာ ငြင်းပိုင်ခွင့်မရှိဘူး။သူတို့နှစ်ယောက် စေ့စပ်သွားတာပဲ မြင်ချင်တယ် '

' ဒါပေမယ့် မင်းဖြစ်စေချင်အတိုင်း ဖြစ်လာမယ်လို့တော့ အ ပိုင်မတွက်ထားနဲ့ မြနန်းဘုံ။တစ်ချို့ကိစ္စတွေလို ဖြေရှင်းရမလွယ်ဘူး . . .စာကြည့်တိုက်က မီးလောင်မှုလိုပေါ့ '

စံကားပင်ပျိုလေးရဲ့ အဖြူရောင်ကျိန်စာWhere stories live. Discover now