Curse 12

760 72 0
                                    

🌿Zawgyi🌿

ဒီနေရာသည် လွန်ခဲ့တဲ့ ၁၅နှစ်ကလိုပဲ ခြောက်ခြားဖွယ်
ကောင်းလှသည်။ကားလမ်းမမှ ကြည့်လျှင် စာကြည့်တိုက် နှင့်အတူ ကျိန်စာသင့်စံကားပင်တစ်ပင် ရှိနေသည်။

စံပယ်ခင်၏ဘဝတွင် အရိုးသားဆုံး အပြစ်ကင်းစွာ နေထိုင် ၍ မိသားစုဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့သော်လည်း ထိုခဏတာအမှားတစ်ခုကြောင့် အမှောင်အတိဖုံးခဲ့သည်။
ခဏတာ စိတ်ခြောက်ခြားမှုကြောင့် ထိုအပြစ်ကို ဖုံးကွယ်
ရန် ကြိုးပမ်းခဲ့ဖူးသည်။

ဒါ့ကြောင့်ပဲ သူမခေါင်းပေါ် တက်နင်းလာတဲ့ အကြပ်ကိုင်မှုများစွာကို ခေါင်းငြိမ့်လက်ခံနေရခြင်းဖြစ်သည်။သူမကို အားထားနေသည့် မိသားစုအတွက် ဆက်ခေါင်းငုံ့ခံ၍ မဖြစ်ပါ။အိမ်တွင်းရေးအထိ ဝင်စွက်ဖက်ခြင်းကို လက်ခံ၍ မဖြစ်တော့ပါ။

ဝဋ်ဆိုရင်လည်း ဒီစံပယ်ခင်တစ်ယောက်တည်းသာ ခံပါရစေတော့။လူငယ်တစ်ယောက်ရဲ့ ဘဝကိုတော့ လူကြီးတစ်
ယောက်ရဲ့ မိုက်မဲမှုကြောင့် မစတေးပါရစေနဲ့။ဒီအပြစ်တွေကို သူမ တစ်ယောက်တည်းပဲ ခံယူပါရစေ။တာဝန်ယူပါရစေ။

လီဗာကိုတင်၍ အရှိန်မြှင့်လိုက်ချိန်တွင် မျက်လုံးကိုမှိတ်လိုက်သည်။ထို့နောက် စတီယာတိုင်ပေါ်က လက်ကို လွှတ်
လိုက်သည်။

ထို့နောက် အရာရာဟာ ဝေဝါးလွင့်စင်သွားသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

' နန်းမှာ ဖေဖေတို့အတွက် မျက်ရည်မရှိတော့ဘူး '

' ဟာ သွားပြီ '

မိုးသည်းသည်းထဲတွင် ကားရှေ့သို့ ဖြတ်ပြေးလာသော
လူရိပ်ပုံသဏ္ဌာန်တစ်ခုကို ဝင်တိုက်မိသွားသည်။ကားရှေ့ သို့လည်း ထွက်မကြည့်ရဲပါ။အကယ်၍ လူဖြစ်နေရင်
ဘယ်လိုလုပ်မလဲ။

ငါကားတိုက်မိပြီပေါ့။ငါလူသတ်လိုက်ပြီ။မဟုတ်သေးဘူး။သူသေချင်မှ သေဦးမှာ။ငါထွက်ကြည့်ရင် မှီလောက်တယ်။ဒါပေမယ့် ဆေးရုံပေါ်ရောက်ပြီးမှ သေသွားရင် ငါ ထောင် ကျမှာလား?

ကားထဲမှ ထွက်ကာ ရှေ့သို့ထွက်လိုက်သည်။တဖြည်းဖြည်းနီးကပ်လာသောအခါ ပီပြင်လာသော လူသဏ္ဌာန်ကို
မြင်လာရသည်။ဘုရား ဘုရား...သေပါစေလို့ ဆုတောင်းရမှာလား?မသေပါစေနဲ့လို့ ဆုတောင်းရမှာလား?

စံကားပင်ပျိုလေးရဲ့ အဖြူရောင်ကျိန်စာWhere stories live. Discover now