White curse

1.8K 118 29
                                    

🤍Zawgyi🤍

ဖေဖေ တွန်းလာသော ဘီးတပ်ကုထားထိုင်ပေါ်တွင်ထိုင်၍ လမ်းတလျှောက်မြင်ခဲ့သမျှမြင်ကွင်းတွေကို ကဗျာ ရသလောက်
အလွတ်မှတ်နေသည်။ဒီစိန်ပန်းနီနီရဲရဲလေးတွေ ပွင့်တဲ့ စိန်ပန်း
ပင်တန်းလမ်းမလေးကိုလည်း ကဗျာ ထားခဲ့ရတော့မည်။

' ဖေဖေ ရပြီ '

နှိုင်းဘွဲ့ ရောက်လာသဖြင့် ဖေဖေ့ကို အိမ်ပြန်နားရန် ပြောရ
သည်။ဖေဖေကတော့ သူပဲ ကဗျာသွားချင်တဲ့နေရာတိုင်းကိုသူ
ကိုယ်တိုင် တွန်း၍ပို့ပေးချင်နေသည်။နောက်ဆုံး လက်လျှော့
သွားကာ စောင်ကြမ်းလေးတထည်ကို ခြေထောက်ပေါ်တွင်
အုပ်ပေး၍ ထွက်သွားသည်။

' ကောင်လေး ဦးစိတ်ချမယ်နော် '

' ဟုတ်ကဲ့ အန်ကယ် '

' ကဲ မပန်းကဗျာ ကျွန်တော်ဘယ်ပို့ပေးရမလဲ ပြော '

ကဗျာ့ ရှေ့တွင် ရိုရိုကျိုးကျိုးဟန်ဖြင့် ငုံ့မေးသဖြင့် ကဗျာက ရယ်
သည်။

' နှိုင်းဘွဲ့အိမ်နားက ခုံတန်းလေးဆီ '

' အိုကေ ထွက်ပြီခင်ဗျ သေချာကိုင်ထားနော် '

နှိုင်းဘွဲ့က လက်ကိုင်ကိုကိုင်ပြီးပြီးချင်း အရှိန်နှင့် တွန်းတော့
သည်။ကဗျာက အလိုက်သင့် ဘေးတန်းကို သေချာကိုင်ထားရ
သည်။အဲ့ဒါကြောင့် ဖေဖေက စိတ်မချတာ။

လမ်းတလျှောက်တွင် စိန်ပန်းပွင့်တို့ ရဲရဲနီအောင် ပွင့်၍ ကဗျာ
တို့အပေါ် ကြွေကျနေသည်။အမြန်တွန်းသည့် အရှိန်ကြောင့် ပါး
ပြင်နှစ်ဖက်ကို လေအေးအေးလေး တိုးနေသည်။လမ်းမကြီးက
ဘယ်ရောညာရော စိန်ပန်းပင်တို့ဖြင့် အနီရောင်သန်းနေသည်။

' ရောက်ပြီခင်ဗျ မရွှေချော။ဟူး မောလိုက်တာ '

နှိုင်းဘွဲ့က ခုံတန်းဘေးမှာမရပ်ဘဲ အပွင့်ကြွေကျနေသည့်နေရာ
အောက်တည့်တည့်တွင် ရပ်လိုက်သည်။သူမတို့ ခဏခဏလာ
ထိုင်နေကျ စိန်ပန်းပင်အောက်မှ ခုံလေးကို ကြည့်၍ ပြောလိုက်
သည်။

' နှိုင်းဘွဲ့ မထိုင်ဘူးလား? '

' ငါ မထိုင်ချင်သေးဘူး။ဒီနားလေးလည်း ကောင်းပါတယ် '

စံကားပင်ပျိုလေးရဲ့ အဖြူရောင်ကျိန်စာWhere stories live. Discover now