Curse 7

920 87 0
                                    

🌷Zawgyi🌷

' ငါပြောတာကို စဉ်းစားပြီးပြီလား နှိုင်းဘွဲ့ '

စိန်ပန်းပင်အောက်မှ ခုံလေးတွင်ထိုင်လျက် ကဗျာကမေးသည်။နှိုင်းဘွဲ့
က ခုံကိုကျောပေးလျက် ရပ်နေ၏။သူ့မျက်နှာကို ဘယ်သူမှမမြင်စေ
ချင်သည့်သဘော။

' ဒါပေမယ့် ကဗျာပြောတာ မှန်မမှန် ဘာသက်သေရှိလို့လဲ '

ကဗျာ အသံထွက်ရယ်ပစ်လိုက်၏။

' နင် အဲ့လောက်မညံ့ဘူးဆိုတာ ကဗျာသိပါတယ်။ဒီရက်ပိုင်း မြို့ထဲမှာနင်ဒီအကြောင်းတွေ လိုက်စုံစမ်းနေတာ ငါအကုန်သတင်းရတယ်။အဲ့ဒါ
ကြောင့် နင်မယုံဘူးလို့လည်း မပြောပါနဲ့။ဒါဟာ ပုံပြင်တစ်ပုဒ် မဟုတ်
ဘူး နှိုင်းဘွဲ့ '

' အင်းပါ '

နှိုင်းဘွဲ့ဆီမှ စကားသံသဲ့သဲ့ ထွက်လာသည်။သို့သော် ကဗျာ့ကို မျက် နှာချင်းမဆိုင်သေး။

' အရှိကို အရှိအတိုင်း လက်ခံလိုက်ပါဟာ။မြယွန်းဘုံက သေသွားပြီ
လေ '

သူ သက်ပြင်းရှည်ရှည်ချလိုက်သည်။ပြီးမှ တစ်ချက်ပြုံး၍ ကဗျာ့ဘေး
တွင် ဝင်ထိုင်သည်။

' ငါလက်ခံပါတယ် '

နွေအကုန်ဖြစ်၍ ရွက်ကြွေအချို့က လေနှင့်အတူ လွမ်းမောဖွယ် ကြွေကျနေသည်။စိန်ပန်းပွင့်များမှာလည်း မိခင်သစ်ပင်ကို စွန့်ခွာကာ မိုးရွာသလို တဖွဲဖွဲကျဆင်းနေသည်မှာ သွေးစက်များကျဆင်းလာသည်နှင့်တူ၏။လူတွေလည်း တစ်ချိန်ကျရင် ဒီလိုပဲ သေခြင်းတရားဆီကို ကျ
ဆင်းပေးရတာပဲလား။

' ငါမရှင်းတာ တစ်ခုရှိတယ် ကဗျာ။ဖုန်းဆက်တုန်းက ဘာဖြစ်လို့ ယွန်း နဲ့ မပက်သက်ခိုင်းတာလဲ။ပြီးတော့ ငါ့အနားမှာရှိတဲ့ လူတွေရဲ့သွေးနဲ့ အသက်ဆက်ရမယ်ဆိုတာရော ဘာကိုဆိုလိုချင်တာလဲ '

ဒီတစ်ခါ သက်ပြင်းချရသူမှာ သူမဖြစ်သွား၏။မေးသူကမေးလျှင် ထိုက် တန်သောအဖြေကို ပေးချိန်တန်ပြီဟု ထင်သည်။

' ငါ . . . ငါ သေမယ့်သူတွေကို ကြိုသိနေတယ်ဆိုရင် နင်ယုံလား နှိုင်းဘွဲ့ '

' အင်း '

' ဟမ် '

ှုနှိုင်းဘွဲ့က ပေါ့ပေါ့ပါးပါး ရယ်မောသည်။ထို့နောက် အရင်လို အေးစက် စက်မျက်နှာထားမဟုတ်ဘဲ ရင်းနှီးတဲ့ ငယ်သူငယ်ချင်းတစ်ယောက်လို
ပြောင်းသွားသည်။

စံကားပင်ပျိုလေးရဲ့ အဖြူရောင်ကျိန်စာWhere stories live. Discover now