My Fate & My Love

2.9K 114 0
                                    

My Fate and My Love

ဂျိုဆွန်းခေတ်

၇ ဆက်မြောက် ဂျိုဆွန်းဘုရင်ဖြစ်သော Kim Song Joo မှာ ထီးနန်းဆက်ခံရန် ရင်သေွးမျိုးဆက် မရှိသောကြောင့် သောကရောက်နေရသည်။ မိဖုရားခေါင်ကြီးမှာလည်း သားသမီး မထွန်းကား    နောက်နန်းဆောင်တွင်လည်ူ သားသမီးထွန်းကားပါသော်လည်း ရရှိလာသော ရင်သွေးလေးများမှာ သက်ဆိုးမရှည်ကြပေ။ ထို့ကြောင့် ဘုရင်မင်းမြတ်မှာ သောကများကာ သူ၏ယုံကြည် အားထားရဆုံး ပညာရှိအမတ်ကြီး Jung အား တိုင်ပင်လေတော့သည်။ အမတ်ကြီးကလည်း နတ်နန်းတွင် သွားရောက်ကာ ယစ်ပူဇော်၍ ရင်သွေးရတနာရဖို့ ဆုတောင်းရင်ကောင်းမယ်လို့ ပြောလိုက်တဲ့အခါ ဘုရင်မင်းမြတ်နဲ့ မိဖုရားခေါင်ကြီးက ထိုအကြံကိုလက်ခံပြီး   ယစ်ပူဇော်ကြတယ်။
အဲလို ပူဇော်မှုပြုပြီး ၇ ရက်အကြာမှာတော့ မိဖုရားခေါင်ကြီး က အိပ်မက်မက်တော့တယ်။ အိပ်မက်ထဲမှာ အလွန်တရာမှ ချောမောလှပတဲ့ မိန်းမပျို လေး က မိဖုရားခေါင်ကြီးကို ဘာလို့ မျက်နှာညှိုးနေရတာလဲလို့မေး လိုက်တဲ့အခါ နောက်ဆက်ခံရမယ့် အိမ်ရှေ့ စံ မရှိတဲ့အတွက် တိုင်းပြည်ရှေ့ ရေး အတွက်ပူပန်နေရတယ် အဲဒီအတွက်ဘဲ ဘုရင်မင်းမြတ်လည်းပူပန်နေရတယ်လို့ပြောလိုက်တဲ့အခါ မှာတော့ မိန်းမပျို လေးက သူကူညီနိုင်ပါတယ်လို့ ပြောပြီး မိန်းမပျို လေးက မိဖုရားခေါင်ကြီးကို စေ့စေ့ ကြည့်လိုက်တဲ့အခါမှာ မိဖုရားခေါင်ကြီးရဲ့ရင်ထဲမှာ မိုးခြိမ်းသံလိုကြားလိုက်ရပြီး ရုတ်တရက် လန့်နိုးလာခဲ့တယ်။
အဲလိုနဲ့ နောက် ၂ ရက်ကြာတဲ့အခါမှာ မင်းကြီးတစ်ယောက် အိပ်မက်မက်ပြန်တယ်။ အိပ်မက်ထဲမှာ မင်းကြီးက မြားပစ်ကွင်းတစ်ခုမှာရောက်ရှိနေတယ်။ အဲဒီမြားပစ်ကွင်းထဲမှာ များပြားလှတယ့် သူရဲကောင်းစစ်သည်တော်တွေအများကြီး ရှိနေကြတယ်။ သူရဲကောင်းတွေက ပြိုင်ပွဲတစ်ခုကို အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာဖြစ်တယ်။ သူရဲကောင်းတွေအားလုံးက အလွန်မှခွန်အားကြီးပြီး တောင့်တင်းတဲ့ ကိယ်လုံးကိုယ်ပေါက်တွေရှိကြတယ် ဒါပေမယ့် အဲလို ခန္ဓာ တောင့်တင်းပြီး ခွန်အားကြီးတဲ့ သူရဲကောင်းတွေကြားမှာ သေးသေးညှက်ညှက် နဲ့ ရုပ်ရည်ရူပက အရတော့ အလွန်မှ ချောမောလှတဲ့ သူရဲကောင်းလေးကို အမှတ်မထင်တွေ့လိုက်ရတဲ့အခါမှာ မင်းကြီးက အနည်းငယ် အံ့သြသွားခဲတယ်။ ကြည့်လိုက်ရင် လေးတောင်နိုင်မယ့်ရုပ် မဟုတ်တဲ့ ဒီကောင်လေးရော ပြို င်ပွဲဝင်မှာလားလို့စဉ်းစားနေတုန်းမှာ အပြာရောင် ဝတ်ရုံရှည် နဲ့ ဦးထုပ်ဆောင်ထားတဲ့ အဲဒီ သူရဲကောင်းလေးကတော့ သူ့အလှည့် ရောက်ပြီမို့ ပြိုင်ပွဲ ပစ်ကွင်းဆီကို ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းလာခဲ့တဲ့ ဟန်ပန်လေးက မြင်ရတဲ့ သူတိုင်းကို ဖမ်းစားသွားခဲ့တယ်။ ထို့နောက် လေးကိုတင်လိုက်ပြီး ပစ်မှတ်ဖြစ်တဲ့ အလယ်ဗဟို တည့်တည့်ကို ပစ်လိုက်တော့တယ်။

နောက်ဆုံးအဆင့်ပြိုင်ပွဲကို တက်ရောက်နိုင်သူ သူရဲကောင်း ၂ ယောက်ကို ပစ်ကွင်းစင်ပေါ်ကိုခေါ်လိုက်တဲ့ အခါ တက်လာတဲ့ ၂ ယောက်မှာ အများကအားပေးပြီး သေချာပေါက်နိုင်မယ့်သူ ခွန်အားအပြည့်နဲ့ Kim Jung Kook နဲ့ အပြာရောင်ဝတ်ရုံရှည်နဲ့ သူရဲကောင်းလေးစ်ြနေပါတော့တယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲက အလွန်တရာမှခက်ခဲပြီး သာမန်စွမ်းရည်နဲ့တော့ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်တဲ့ အသက်ရှိပြီး လှုပ်ရှားနေတဲ့ ပျားလေးတစ်ကောင်ကို ထိအောင်ပစ်ရမှာ ဖြစ်တယ်။ ထိုကဲ့သို့ခက်ခဲတဲ့ ပြိုင်ပွဲကို သူရဲကောင်းအားလုံးက ဘာကြောင့်ယှဉ်ပြိုင်ကြပါသလဲ မင်းကြီးစဉ်စားလို့မရနေပါ။ နောက်မှ မင်းကြီးက အဖက်ဖက်ကို ကြည့်လိုက်တဲ့အခါ အဖြေကို သိလိုက်ပါတော့တယ်။
Hwang တိုင်းပြည်တွင် အလွန်တရာမှ ချောမောလှပသော မင်းသမီးလေး Hwang Mi Young ခေါ် Tiffany Hwang မှာ သူမအတွက် ကြင်ရာတော်ရွေးချယ်ခြင်းဖြစ်ရာ အားလုံးက သူမအားလိုချင်ကြသဖြင့် ထိုကဲ့သို့ အားလုံးလာရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်တော့သည်။
သည်ပြိုင်ပွဲတွင် အနိုင်ရသူမှာ မင်းသမီနှင် လက်ဆက်နိုင်မည်ဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲတွင် အနိုင်ရရှိသွားသူမှာ အများယုံကြည်ထားတဲ့ KimJung Kook မဟုတ်ဘဲ အပြာရောင် သူရဲကောင်းလေးဘဲ ဖြစ်နေပါတော့တယ်။
မင်းကြီးကထိုသူရဲကောင်းလေးရဲ့ မျက်နှာကိုစေ့စေ့ ကြည့်လိုက်တဲ့အခါမှာ အရမ်းရင်းနှီးနေသလို ခံစားလိုက်ရတယ်။ အဲလိုကြည့်နေတုန်းမှာဘဲ သူရဲကောင်းလေးက မင်းကြီးဘက်ကိုလည့်လာပြီး သူ့ကိုကြည့်နေတဲ့ မင်းကြီးကို တွေ့ပြီး ရင်းနှီးစွာ ပြုံးပြလိုက်တဲ့ တချိန်ထဲမှာ လေပြင်းမုန်တိုင်းကြီး ရုတ်တရက်တိုက်ခတ်လာပြီး မင်းကြီးလည်း ထိုလေပြင်းနဲ့အတူ လွင့်ပါသွားတော့တယ်။ အဲဒီအချိန်မှာဘဲ မင်းကြီးလည်း အိပ်မက်ထဲမှ လန့်နိုးလာခဲ့တော့တယ်။ ထိုသို့ အိပ်မက်မက်ပြီး ၂ လ အကြာမှာ မိဖုရားခေါင်ကြီး၌ ရင်သွေးလေး ရလာပါတော့တယ်။

ဒီလိုနဲ့ ၇ နှစ်ကြာတဲ့အခါ
နန်းရင်ပြင်မှာ ၆ နှစ်အရွယ် ကောင်လေး နဲ့ ကောင်မလေး ၂ယောက် ပြေးလွှားဆော့ကစားနေကြတယ်။

My Fate & My LoveWhere stories live. Discover now