My Fate & My Love ep - 15

795 70 2
                                    

My Fate & My Love

ep - 15

fany တစ်ယောက် စိတ်ဆိုးလွန်းလို့ အဲ့ဒီ khun ဆိုတဲ့ အကောင်ရဲ့မျက်နှာကို ဓားနဲ့ မွန်းပစ်လိုက်ချင်တာမှ တအား။

ဒေါသလည်းထွက် Tae အတွက်လည်း စိုးရိမ်မိတဲ့ fany တစ်ယောက် Tae အနားယူတဲ့ နန်းဆောင်ဘက်ကို ခြေဦးလှည့်လိုက်တော့တယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Tae တစ်ယောက်ကတော့နန်းဆောင်အတွင်း အဝတ်လဲနေတာပေါ့။

fany တစ်ယောက် နန်းဆောင်အတွင်းလည်းဝင်လိုက်ရော အဖြူ ရောင် ဝတ်ရုံရှည်ဝတ်ထားပြီး ခန့်ညားချောမောလှတဲ့ Tae ကိုတွေ့လိုက်ရတော့ ပါးစပ်လေးဟောင်းသားနဲ့ သာ ကြည့်နေမိတော့တယ်။

fany ရဲ့စိတ်ထဲမှာတော့

' အော်

fany ဆိုတဲ့ငါ တော်တော်လေးကို ကံကောင်းပါလားနော်

Tae ဆိုတဲ့ သူ့လို ခန့်ညားချောမောပြီး အားလုံးငေးရလောက်တဲ့ သူကို ခင်ပွန်းတော်ရတဲ့အတွက်ရော သူ့အချစ်ကိုလည်းရတဲ့အတွက်ရောပေါ့။'

fany တစ်ယောက်ထဲ အကျေနပ်ကြီးကျေနပ်တဲ့အပြုံးနဲ့ ပြုံးနေတုန်းအနားကိုရောက်လာပြီး စကားပြောလိုက်တဲ့ Tae အသံကြောင့် fany လွင့်ပျံ့နေတဲ့ အာရုံတွေပြန်စုသွားပြီးနောက် Tae ကို မျက်စောင်းလှလှလေးထိုးလိုက်တော့တယ်။

'fany ya

ဘာတွေများဒီလောက်ကြီး သဘောကျနေရတာတုန်း

Tae က ဆွဲဆောင်မှု အတော်လေးကို ရှိနေလို့ထင်တယ်

ဟုတ်လား။

Tae တောင်ရှက်လာပြီကွာ ကလေးက အဲ့လိုကြီးကြည့်နေတော့'

လို့ပြောတော့ Fany က မျက်စောင်းလှလှ ထိုးနေရာကနေ

ချက်ချင်းTaeကို လှမ်းဖက်လိုက်ပြီးနောက်

'Tae ya

saranghae

Tae က အရမ်းကို ဆွဲဆောင်မှုရှိသလို ချစ်လည်း ချစ်တတ်တဲ့ နှလုံးသားလှလှလေးရှိတယ်လေ

အဲ့ဒါကြောင့် ဟောဒီက Fany ဆိုတဲ့ မင်းသမီးလေးက

ဟောဒီက Kim Taeyeon ဆိုတဲ့ လူအပေါ်မှာ အရာအားလုံးလက်နက်ချ အရှုံးပေးခဲ့ရတာလေ။

My Fate & My LoveWhere stories live. Discover now