My Fate & My Love

972 58 4
                                    

My Fate & My Love

ep - 12

နောက်တစ်နေ့ မနက်ရောက်တော့
Fany တစ်ယောက် စောစောနိုးလာတော့ ဘေးနားမှာ အိပ်မောကျနေသေးတဲ့ Tae လေးရဲ့မျက်နှာလေးကို သာ တစိမ့်စိမ့် ကြည့်နေမိတော့တယ်။

မိနစ် အနည်းငယ်ကြာတော့ Tae လည်း နိုးလာတယ်။
Tae တစ်ယောက် မျက်လုံး၂ ဖက်ကိုဖွင့်လိုက်တာနဲ့ သူ့ကို အတိုင်းသား စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံ

Tae အတွက်တော့ ကမ္ဘာ မှာ နှိုင်းယှဉ်လို့မရ နောက်ထပ် မရှိနိုင်တော့တဲ့ မျက်ဝန်းလေးတွေပါ။

သူ Fany ကိုသိပ်ချစ်ပါတယ်

ချစ်တယ် ဆိုတာထက်ကို ပိုတာပါ။

ပြောပြ၍မရနိုင် နှိုင်းယှဉ်ဖော်ပြစရာမရှိ အသက်ထက်ပိုပြီး ချစ်မြတ်နိုးရသူပါ။

အဲ့လို ချစ်ရတဲ့ fany လေးရဲ့ ပါးနားလေးကို သူ့နှုတ်ခမ်းတွေက ဘယ်လို ရောက်သွားမှန်းမသိ။

fany က သူ့ကို လက်သီး နုနုလေးတွေနဲ့ ထုတော့မှဘဲ သတိပြန်ဝင်လာတယ်။

Tae နော်
တကယ်ဆိုးတယ်။

လူကို များနမ်းနေလိုက်တာ
ဟောဒီ က အသက်ရှုတောင် ကျပ်လာတယ်။

တကယ်ဘဲ အခွင့်အရေး အရမ်းယူတာဘဲ။

လူဆိုး ဆိုပြီး

fanyက ပြောတော့မှ Tae လည်း အားနာ ပြုံးလေးပြုံးပြီး

ကိုယ်က ဟောဒီက fany လေးကို ချစ်လွန်းလို့ ပါ

ပြီးတော့ ဟောဒီက fany ကလည်း တအား ချောလွန်း လှလွန်းနေတော့
ကိုယ် အသိလေးတွေခဏတာ လွတ်သွားမိတယ်။

ကဲ ခုတော့ အိပ်ရာထပြီး မနက်စာလေး သုံးဆောင်လိုက်ရအောင်

ထတော့ fany လေး။

ဆိုပြီး ညင်ညင်သာလေးသာပြောတတ်ပြီး fany အပေါ် ဂရုစိုက်လွန်း ချစ်လွန်းတဲ့ ချစ်ရသူ Tae ကို fany တစ်ယောက် တစ်ပတ်ကြီးတောင်ခွဲရမှာ ပါလား ဆိုတာလေးကို သတိရသွားတော့ fany တစ်ယောက် မျက်နှာလေး တစ်ခါတည်း ညှိုးသွားရှာတယ်

အဲဒီလို မျက်နှာလေး ညှိုးသွားတာကို Tae တစ်ယောက် ချက်ချင်းဘဲ သိလိုက်တယ်။

My Fate & My LoveWhere stories live. Discover now