My Fate & My Love

1.1K 75 0
                                    

My Fate & My Love

ep - 3

ဒီလိုနဲ့ မင်္ဂလာနေ့ရက်ကို ရောက်ရှိလာခဲ့ပါတော့တယ်။ အိမ်ရှေ့စံ Tae ရဲ့ ကြင်ယာတော်လေးကတော့ တခြားသူမဟုတ် Sica လေးဘဲပေါ့။

အိမ်ရှေ့စံလေးကတော့ စိတ်ထဲမှာ စိုးရိမ်စိတ်အပြည့်နဲ့ အစိုးရိမ်လွန်နေလို့ ပြုံးတောင်မပြုံးနိုင်ရှာဘူး။

sica လေးကတော့ ဝမ်းသာနေလိုက်တာများ ဘယ်လိုမှကို ဖုံးဖိလို့မရ မျက်နှာမှာလည်း အပြုံးပန်းတွေအပြည့်နဲ့ပေါ့။

အိမ်ရှေ့စံလေး Tae ကတော့ မလွှဲမရှောင်သာလို့ အပြုံးတုတွေတပ်ပြီး ဒီမင်္ဂလာပွဲလေးကိုကျင်းပနေရတယ်။

ဒီလိုနဲ့ မင်္ဂလာချိန်ပြီးတော့ မင်္ဂလာဦးညချမ်းလေးကို ဖြတ်သန်းရတော့မယ့်အချိန်ဆိုတော့ မိဖုရားနန်းဆောင်ဘက်ကို Sica လေးရဲ့ လက်ကိုဆွဲပြီး လျှောက်လာခဲ့တဲ့ အိမ်ရှေ့စံရဲ့ ရင်ထဲမှာတော့ ထိတ်လန့်စိုးရွံ့မှုတွေနဲ့အတူ လေပြင်ကြီးတစ်ခုတိုက်ခတ်နေတော့တာပေါ့။

Sica လေးကတော့ အိမ်ရှေ့စံရဲ့ရှေ့တည့်တည့်မှာ ထိုင်နေပြီး မလှုပ်မယှက် ငိုင်နေတဲ့ အိမ်ရှေ့စံလေးကိုဘဲ တစိမ့်စိမ့် စိုက်ကြည့်နေတာပေါ့။ Sica လေးတစ်ယောက် အိမ်ရှေ့စံ ကို ဟိုးအရင်ကတည်းက ဒီလိုဘဲ အမြဲ ငေးကြည့်ချင်နေသူပါ။ ကြည့်ချင်မှာ ပေါ့ သူ လူမှန်းသိတတ်စကတည်းက သူ့အပေါ်ကြင်နာပြီး ဂရုစိုက်တဲ့သူ ပြီးတော့ သူ့ဘဝမှာ ပထမဆုံး ဒါဟာအချစ်ပါလားဆိုတာကို ခံစားစေခဲ့တဲ့သူ။
သူ့ဘဝရဲ့ အချစ်ဦး သူ့ဘဝမှာ အရေးပါဆုံးသူ။ ချစ်ပါတယ်လို့ဖွင့်ပြောချင်ပေမယ့် သူကတော့ Sica အပေါ် ညီမတစ်ယောက်ထက်မပိုတာ Sica တစ်ယောက်အသိဆုံး။ ဒါကြောင့်လည်းဖွင့်မပြောခဲ့။ ဖွင့်ပြောလိုက်မှ သူက ကိုယ့်ကို ရှောင်တာတွေ ဟန်ဆောင်ရတာတွေဖြစ်သွားမှာ Sica မလိုလား။ ဒါပေမယ့် အချစ်စစ်နဲ့ ချစ်ခဲ့တဲ့ Sica ကို ကံကြမ္မာ က မစ တယ်ဘဲပြောရမလား။ ခုတော့ သူ့ရဲ့ ကြင်ယာတော်တောင်ဖြစ်နေပြီ။ သူ့ကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီ။ Sica အရမ်းပျော်နေမိတယ်။ ဒါပေမယ့် သူမပျော်ဘူးဆိုတာတော့ Sica တင်မဟုတ် ဘုရင်မင်းမြတ်ကိုယ်တိုင်လည်းသိတယ်။ ဒါပေမယ့် ကိစ္စမရှိ sica ဘေးနားသူရှိနေရင်ရပြီ အရာအားလုံး ကြိုးစားပြီး ဖြတ်ကျော်သွားမယ်လို့ ဆုံးဖြတ်ပြီသား။ ဒါနဲ့ sica လည်း

My Fate & My LoveWhere stories live. Discover now