My Fate & My Love

1.1K 63 0
                                    

My Fate & My Love

ep - 9


Tae တစ်ယောက် fany လှည့်ခိုင်းလွန်းလို့ လှည့်လိုက်တဲ့ အခါမှာတော့ .....

fany ကလည်း စိတ်ထဲကနေ ဒီလူကြီးက တကယ်ဘဲ ဘယ်လိုလူကြီးမှန်းမသိဘူးဆိုပြီး ကျောပေးနေတဲ့ Tae ရဲ့ခေါင်းဘက်ကို လက်နဲ့ လှမ်းခေါက်ဟန် လှမ်းလိုက်တဲ့ အခါမှာ တကယ်ကြီး လှည့်လာတဲ့ Tae ရဲ့ နဖူးကို ခေါက်မိသွားတာပေါ့။

fany ရော Tae ရော ကြောင်သွားပြီး တစ်ယောက်နဲ့ တစ်ယောက် အကြာကြီး စိုက်ကြည့်နေမိကြတယ်။

fany ကတော့ အရမ်းအားနာသွားတာပေါ့။

အဲလို Fany အားနာသွားတာကို သိလိုက်တဲ့ Tae တစ်ယောက် ချက်ချင်း Fany စိတ်မကောင်းမဖြစ်အောင်

fany ကို စတော့တာပေါ့။

အင်း ဟောဒီက ကလေးလေးက ကိုယ်တော် ကို နဖူးလှမ်းခေါက်တယ် ဆိုတော့

နည်းနည်းတော့ အပြစ်ပေးရတော့မယ်။

ပေးရမလား ကလေးလေး

လို့ ပြုံးပြီး မေးလိုက်တဲ့ Tae ကြောင့် fany လည်း

အင်း

လို့ သာပြောပြီး ခေါင်းငုံ့နေလိုက်တယ်။

Tae လည်း

အင်း ဘာပြစ်ဒဏ်များပေးရမလဲ

ဆိုပြီး စဉ်းစားနေပုံ လေးလုပ်လိုက်ပြီး နောက်

အင်း အင်း ကိုယ်တော်သိပြီ ဟောဒီက ကလေးလေးကို ဘာပြစ်ဒဏ်ပေးရမလဲ ဆိုတာ

လို့ပြောလိုက်တယ်။

ကဲ ပြစ်ဒဏ်က ဟောဒီက fany လေးက ကိုယ်တော်မေးတာကို လုံးဝ မညာဘဲ ဘာမှ မဖုံးကွယ်ထားဘဲ အမှန်တွေဘဲ ဖြေရမယ်
ဟုတ်ပြီလား။ ဒါ ကလေးအတွက်ပြစ်ဒဏ်ဘဲ။

လို့ပြောလိုက်တဲ့ Tae တစ်ယောက် သူ့ကိုယ်သူ သဘောကျလွန်းလို့ တော်တော်လေး ဟန်တောင် မဆောင်နိုင်ဘဲ ပြုံးမိတယ်။

တကယ်တော့ Tae က fany အကြောင်းကို တော်တော်လေးသိချင်မိတယ်။ ဒီ အတိုင်းမေးလိုက်ရင် Kim Tae Yeon ဆိုတဲ့ လူ သိက္ခာကျတယ်လေ။

ခုတော့ ဟီး ဒီကောင်မလေး သူ့အကွက်ထဲ ဝင်လာပြီလေ။

ဒါနဲ့ ပထမဆုံး ဘာမေးရမလဲ။

My Fate & My LoveWhere stories live. Discover now