My Fate & My Love

1.2K 73 4
                                    

My Fate & My Love

      ep - 4

Tiffany Hwang
ဟုတ်ပါတယ် သူ့ရဲ တစ်ဦးတည်းသောသမီးချောလေး  အဖေကိုလည်းအလွန်တရာမှ ချစ်ရှာတဲ့ သမီးလေးကို သူ့ရဲ့ ရန်ညိုး ကိစ္စအတွက်တော့ အသုံးမချချင် သို့ပေမယ့် မတတ်နိုင်။ Kim Tae Yeon ဆိုတဲ့ တစ်ယောက်ကို ဒီနည်းနဲ့ဖြေရှင်းကြည့်ဖို့သာကျန်တော့တယ်။ ဒါပေမယ့် ခက်တာက သူ့ မိဖုရားခေါင်ကြီး Jessica။ အလွန်တရာမှ နာမည်ကြီး ။  Kim Tae Yeon ဆိုပြီးနာမည်ကျော်နေတာကလည်း သူ့မိဖုရားခေါင်ကြီးရဲ့ပံ့ပိုးမှုတွေအများအပြားပါလို့သာ။ စစ်တိုက်ထွက်ရင်တောင် သူကိုယ်တိုင်ပါဝင်ပြီးအားဖြည့်လိုက်တဲ့သူဆိုတော့ တော်တော်တော့ မလွယ်။ သို့သော်ကိစ္စမရှိ သူ့သမီး tiffany အပေါ်မှာယုံကြည်မှုရှိတယ်။ ဒါနဲ့

Hwang Mi Young @ Tiffany

... သမီး နှစ်နိုင်ငံ ချစ်ကြည်စည်းလုံးရေးအရ ဂျို ဆွန်းပြည့်ရှင်မင်းဖြစ်တဲ့ Kim Tae Yeon နဲ့ လက်ဆက်လိုက်ပါသမီး

လို့ Hwang ဘုရင်က သူ့သမီးကိုပြောလိုက်တဲ့ အခါ   tiffany ဘက်ကနေ မနှစ်မြို့တဲ့ အသံလေးတစ်သံထွက်လာတယ်။

ဘယ်သူ အခု အဖေ ဘယ်သူ့နာမည်ပြောလိုက်တာလဲ Kim Tae Yeon ဟုတ်လား။ အမြင်ကတ်ဖို့ကောင်းလိုက်တာမှ လွန်ရော။ အဖေမို့ကိုယ့်သမီးကိုသူ့လို လူ့ဂွစာနဲ့ လက်ဆက်ဖို့ပြော ရက်တယ်။ သေသာသေလိုက်မယ် သူနဲ့တော့ လက်မထပ်နိုင်ဘူး။

လို့ပြန်ပြောလိုက်တော့ ဘုရင် Hwang ကလည်း

ငါ့သမီးရဲ့ အဆင့်အတန်း အရည်အချင်းနဲ့ဆိုရင်သူ့လို မင်းနဲ့မှတန်တာ ပြီးတော့ ဘာလို့ သူ့ကို သမီးက လက်မခံချင်ရတာလဲ

လို့ပြန်မေးလိုက်တော့

အဖေ မှတ်မိသေးလား   သမီးတို့ သူအိမ်ရှေ့စံနန်းတက်ပွဲကိုသွားတဲ့အခါ  သူသမီးကို သူ့ရဲ့ အခြွေအရံတွေရှေ့မှာ အားမနာပါးမနာ အရှက်ခွဲခဲ့တာလေ သူကတစ်ဖက်သားအပေါ်အားနာတာလည်းမရှိ သူ့ဘက်က လူကိုဘဲဂရုစိုက်ပြီး ဘယ်သူက မှားတယ် မှန်တယ်တောင် မဆုံးဖြတ်တတ်တဲ့ လူပိန်းတစ်ယောက်။ အဲ့တုန်းကသမီးမှားခဲ့တာလည်းမရှိဘဲ သူ့ဘက်ကလူကြောင့် သမီးဒဏ်ရာရသွားတာတောင်မှ အားနာလိုက်တာဆိုတဲ့ စကားတစ်ခွန်းပြောဖို့နေနေသာသာ သမီးကိုတောင်ပြောသွားသေးတယ်။
အေး
ဘာ... ဘယ်သူ ... တစ်ချက်ပြန်စဉ်စားလိုက်ပြီး
အော်   ...   sica လေးဘာမှမဖြစ်သွားလို့ မင်းသက်သာသွားတယ်မှတ်ပါ။ သူသာတစ်ခုခုဖြစ်လို့ကတော့ မင်းဒီက အကောင်းအတိုင်း အိမ်ပြန်ရမယ် မထင်နဲ့တဲ့။ တကယ်ဆိုဟိုဘက်က အရင်မှားပြီး ခနဲ့တဲ့တဲ့ လုပ်ပြီး ရန်ထောင်တာကို သူကမသိဘဲ လာပြီးဆရာလုပ်သွားတဲ့သူ့ကို တစ်သက်မကြေဘူး   ဘယ်အရာမဆို အတုံ့အလှည့်ဆိုတာရှိတယ်ဆိုတာကို သူမသိတာလားတော့ မသိဘူး ဒါကြောင့်သူ့ကို လက်စားချေချင်နေတာ အဲခါကို အဖေက ဘယ်လိုပြောလိုက်တာ သူနဲ့လက်ထပ်ရမယ်ဟုတ်လား မဖြစ်နိုင်တာတွေ ဖေဖေရယ်။

My Fate & My LoveWhere stories live. Discover now