My Fate & My Love

1.4K 82 0
                                    

My Fate & My Love
ep - 2

နန်းးရင်ပြင်မှာဆော့ကစားနေကြတဲ့ ကလေး ၂ ယောက်ကတော့ အိမ်ရှေ့ စံလေးနဲ့ ပညာရှိအမတ်ကြီး Jung ရဲ့သမီး Sica Jung လေးဘဲဖြစ်ပါတယ်။ Sica လေးနဲ့ အိမ်ရှေ့စံလေးက အသက် ၁ လလောက်ဘဲ ကွာကြပေမယ့် Sica လေးကတော့ငယ်တာပေါ့။ Sica က တစ်ဦးတည်းသောသမီးလေးဆိုတော့ အိမ်ရှေ့စံလေးကို အစ်ကိုရင်းတစ်ယောက်လို ချစ်တာပေါ့ကွယ်။ အိမ်ရှေ့စံလေးကလည်း Sica လေးကို အရမ်းချစ်ရှာတယ်။ ဒီလိုနဲ့ အိမ်ရှေ့စံလေးက မင်းသားတို့တတ်အပ်တဲ့ အတတ်ပညာတွေကို သင်ယူရတော့မယ့်အချိန်ကို ရောက်ရှိလာပြီဆိုတော့ Sica လေးနဲ့လည်း သိပ်မတွေ့နိုင်တော့ Sica လေးက တအားကိုငိုပြီး သူလည်း အဲဒီအတတ်တွေကို သင်မယ် ပင်ပန်းရင်ပင်ပန်းပါစေ အိမ်ရှေ့စံ အစ်ကိုနဲ့အတူ မခွဲဘဲနေချင်လို့ ရအောင်သင်မယ်လို့ ပူစာတော့ Sica လေးနဲ့ အိမ်ရှေ့စံလေးတို့ အတူတူ ပညာရပ်တွေကို ဆည်းပူးလေ့လာကြရင်းနဲ့ ၇ နှစ်ဆိုတဲ့ အချိန်ကာလကို ဖြတ်သန်းရောက်ရှိလာခဲ့တယ်။ သူတို့လေးတွေလည်း ၁၃ နှစ်ဆိုတဲ့ အရွယ်ကိုရောကရှိလို့လာပြီပေါ့။
တစ်နေ့တော့ ဘုရင်ကြီးက အိမ်ရှေ့စံလေးကိုခေါ်ပြီး

Kim Taeyeon မင်းလည်း အရွယ်ရောက်တန်သင့်တော့ ရောက်ပြီဆိုတော့ အခုငါပြောတဲ့စကားတွေကို သေချာနားထောင် မင်း မင်းအတွက်ကြင်ယာတော် လိုအပ်ပြီ အိမ်ရှေ့စံဆိုတာ ကြင်ရာတော်လိုအပ်တယ် မှူးမတ်တွေကလည်းပြောနေကြပြီ။

လို့လည်းပြောလိုက်ရော အိမ်ရှေ့စံလေးမှာ မျက်နှာငယ်လေးနဲ့
သူ ကြင်ရာတော် မလိုချင်သေးဘူးလို့ပြောတဲ့အခါ

မင်းကြီးက Kim Taeyeon မင်းကငါချစ်လို့ အလိုလိုက်ထားတော့ ငါ့စကားကိုတောင် အလေးမထားတော့ဘူးပေါ့ ဟုတ်လားပြောစမ်း
အေး မင်းကအလိုမရှိပေမယ့် ဘေးပတ်ဝန်းကျင် မျက်လုံးတွေက မင်းကိုကြည့်နေတာ မင်းမလိုချင်သေးပေမယ့် တိုင်းပြည်ရေးရာအရတော့ မင်းဆီမှာ ကြင်ရာတော် ရှိကိုရှိနေရတော့မယ်။
ဒါဟာ အိမ်ရှေ့စံတစ်ဦးက တိုင်းသူပြည်သားတွေအတွက် စွန့်လွှတ်ရတဲ့ ပထမဦးဆုံး စွန့်လွှတ်ခြင်းနဲ့ တာဝန်ဘဲ။

မျက်နှာလေး မကောင်းရှာတဲ့ အိမ်ရှေ့စံလေးကို ကြည့်ပြီး မင်းကြီလည်းစိတ်မပျော်ပါဘူး။ ဒါပေမယ့် ဒီအခြေအနေက တစ်နေ့တော့ မလွှဲမသွေ ကြုံ ရမှာဘဲလေ။ အိမ်ရှေ့စံလေးအားတင်းပါနော် လို့ဘဲချို သာစွာပြောလိုက်ပြီးချသ်သားလေးကိုဖက်ထားလိုက်တော့တယ်။ အိမ်ရှေ့စံ Taeyeon ကလည်းသူ့ ခမည်းတော်ကြီး စိတ်မကောင်းဖြစ်သွားတာမြင်တော့ ဝမ်းနည်းစွာနဲ့ဘဲ ခမည်းတော် သဘောအတိုင်းသာ ဆောင်ရွက်တော်မူပါလို့ ပြောပြီး လေးပင်လှတဲ့ ခြေလှမ်းတွေနဲ့ အိမ်ရှေ့စံ စံရာ နန်းဆောင်ဘက်ကို ပြန်လာခဲ့တော့တယ်။
နန်းဆောင်ကိုပြန်လာတဲ့လမ်းမှာ သူ့ကိုစောင့်နေတဲ့ Sica လေးကို တွေ့ပြီးတော့ ဝမ်းနည်းတာလေးတွေ အနည်းငယ် သက်သာသွားတာပေါ့။ ဒါပေမယ့် မျက်နှာမကောင်းတဲ့ သူ့အစ်ကိုတော်လေးကို Sica တွေ့လိုက်ရတော့ ရင်ထိတ်သွားတယ် ဘာလို့လဲဆိုတော့ အိမ်ရှေ့စံ Tae Tae လေးက အမြဲတမ်း ပြုံးနေတတ်တာကိုး။
ဒီနေ့တော့ မင်းကြီးကို တွေ့ပြီးပြန်လာမှ မျက်နှာ မကောင်းဘူးဆိုတော့ တစ်ခုခုဘဲ ဆိုပြီး

အိမ်ရှေ့စံလေး မျက်နှာလည်းမကောင်းပါလား ဘာဖြစ်လို့လဲဟင်

လို့ဆိုပြီး ချစ်စရာကောင်းတဲ့အသံလေးနဲ့ မေးလိုက်တဲ့အခါ
အိမ်ရှေ့စံက

ဘာမှမဖြစ်ပါဘူး Sica လေးရယ်

လို့ပြောလိုက်တော့ Sica လေးရုပ်က ရုပ်တည်ကြီး ဖြစ်သွားပြီး

Sica ကိုတောင်မပြောပြချင်ဘူးပေါ့
ပြောတော့ ချစ်တယ် အချစ်ဆုံး လျှို့  ဝှက်ချက်တွေလည်း ဘယ်တော့မှမထားဘူးဆိုပြီး အခုတော့ ဘာမှမဖြစ်ဘူးဆိုပြီး ညာချင်တာပေါ့ သွား မခေါ်တော့ဘူး

လို့ ပြောလိုက်တဲ့ အခါမှာတော့ အိမ်ရှေ့စံလေးကလည်း

အာ Sica ကလည်း မခေါ်တာတော့ မလုပ်ပါနဲ့ ကောင်းပြီ ပြောပြမယ် ဒီညီမလေး တစ်ယောက်ထဲရှိတာ ပြောပြရမှာပေါ့ လို့ဆိုပြီး မင်းကြီး က သူ့ကို ကြင်ရာရှာဖို့နဲ့ လက်ဆတ်ရတော့မယ့် အကြောင်းတွေကို ပြောပြလိုက်တော့တယ်။

တစ်ဖက်မှာလည်း မင်းကြီးနဲ့ ပညာရှိ အမတ်ကြီး Jung တို့ မှာလည်း ခေါင်းစား ခေါင်းမီးတောက်နေကြတယ်။ သူတို့ ၂ ယောက်ရဲ့ ဆွေးနွေးမှုက တော်တော်လေး ပြင်းထန်နေတယ်။ တော်တော်လေးလည်း အကျဉ်းအကျပ်ထဲကို ရောက်နေကြတယ်။
အိမ်ရှေ့စံအတွက် သင့်တော်မယ့် ကြင်ယာတော်ကိုနဲ့ အိမ်ရှေ့စံရဲ့ ရှေ့ရေးတွေကို အသည်းအသန် အကြိတ်အနယ် ဆွေးနွေးနေကြတာ မနက်လင်းတဲ့ အထိတိုင်ပင်။ နောက်ဆုံးတော့ မင်းကြီးက အမတ်ကြီး Jung ကိုပြောလိုက်တယ်။

Jung အမတ်ကြီး အဲဒီလိုဘဲ လုပ်ကြတာပေါ့ သူလေးက အိမ်ရှေ့စံနဲ့လည်း လိုက်ပါတယ် ပြီးတော့ အသွင်းသိ အဆင်းသိဆိုတော့ အိမ်ရှေ့စံဘက်ကနေ အမြဲရပ်တည်ပေးပြီး ထာဝရ လက်တွဲဖော်ဖြစ်မယ်လို့ ငါကိုယ်တော် ယုံကြည်တယ်။ သူလေးက အိမ်ရှေ့စံနဲ့ လိုက်ဖက်မယ့် ကြင်ယာတော်ပါဘဲ။ ကဲ ကဲ အိမ်ရှေ့စံ ရဲ့ မင်္ဂလာ ရက် သတ်မှတ်လိုက်ကြရ အောင်။

My Fate & My LoveWhere stories live. Discover now