My Fate & My Love

800 75 9
                                    

My Fate & My Love

ep - 16

စမ်းချောင်းနားမှာဘဲအနားယူဖို့ ပြင်ဆင်ကြတယ်။

Fany က စမ်းချောင်းလေးမြင်တော့ Tae နဲ့ sica ကို စမ်းချောင်းမှာ အလင်းရောင် အနည်းငယ်ရှိသေးတာမို့ အမောပြေ ရေဆော့ဖို့ ပြောတော့ Tae နဲ့ sica ကလည်း သွားကြဖို့ ၃ ယောက် သား စမ်းချောင်းဘက်ကို ထွက်လာခဲ့တော့တယ်။

စမ်းချောင်းနဘေးက ကျောက်တုံးပေါ်မှာ Tae က ထိုင်ပြီး sica နဲ့ fany ရေကစားနေတာကိုကြည့်နေတာပေါ့

အဲ့အချိန်မှာဘဲ မထင်မှတ်ထားတဲ့ မျက်နှာဖုံးစွတ် လူတစ်သိုက်ရောက်လာခဲ့တယ်။

Tae ကတော့ ရေကစားဖို့ထွက်လာတာဆိုတော့ သူ့ လက်ဆွဲတော် ဓားက လည်းကျန်ခဲ့တော့ ဝတ်ရုံ ထဲမှာ ကိုယ်နဲ့ မကွာဆောင်ထားတဲ့ ဓားမြောင်လေးကို ထုတ်လိုက်ပြီး sica နဲ့ fany နားကို ပြေးလာနေတဲ့ လူတစ်သိုက်ဆီကို ပြေးသွားလိုက်တယ်။

ဝတ်ရုံနက်နဲ့ မျက်နှာဖုံးစွတ်ထားတဲ့ လူတစ်သိုက် က fany ကို အတင်းဆွဲခေါ်ဖို့အတွက် fany နားကို ရောက်လာတော့ ကိုယ်ခံ အတတ်ပညာတတ်ထားတဲ့ sica က fany အဲဒီ လူတွေလက်ထဲမပါသွားအောင် fany ကို ကာကွယ်ဖို့ စတင် တိုက်ခိုက်တော့

မျက်နှာဖုံးစွတ်လူတွေက သူတို့ရဲ့ ဓားတွေကို ထုတ်ပြီး sica ကို ပြန်တိုက်ခိုက်ကြတယ်

အဲချိန်မှာဘဲ Tae က လည်း sica နဲ့ fany ရဲ့ အနားကို ရောက်လာပြီး sica နဲ့ အတူ တိုက်ခိုက်ပြီး fany ကို ကာကွယ်ရင်း Tae တို့ လူစုတွေရှိတဲ့ ဘက်ကို ဆုတ်လာခဲ့တယ်။

တိုက်ခိုက်ရင်းနဲ့ နောက်ဆုတ်လာကြတဲ့ Tae / Sica / Fany တို့ သူတို့တပ်စု ရှိရာကိုရောက်လာတဲ့ အခါ Tae ရဲ့ ကိုယ်ရံတော်တပ်မှူးက Tae တို့ရှိရာကို စိုးရိမ်တကြီးနဲ့ ပြေးလာပြီး

အရှင်မင်းမြတ် ကျွန်တော်မျိုး တို့ အလစ်ဝင်တိုက် ခံနေရပါပြီ

လို့လျှောက်တင်တဲ့ အခါ Tae တစ်ယောက် ချက်ချင်းဘဲ စီစဉ်ထားတဲ့အတိုင်း ပြန် ခုခံ တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီးနောက် သူ့ကိုယ်ရံတော်က ယူလာပေးတဲ့ သူ့ ဓားရှည်ကို ယူပြီးနောက် sica နဲ့ fany ဘက်ကို လှည့်ပြီး sica နဲ့ fany တို့ စီးနှင်းလာတဲ့ ဝေါယာဉ်ထဲမှာ နေနေဖို့ ပြောလိုက်တယ်

My Fate & My LoveWhere stories live. Discover now