"Lu ကိုယ်တို့မပြန်သေးဘဲရုပ်ရှင်သွားကြည့်ရအောင်"
ဖုန်းပြောပြီးပြီးချင်းအဆက်အစပ်မရှိဘဲပြောလာတဲ့သူ့စကားကြောင့်
"ဘာလို့လဲ Hun ရဲ့ စာမေးပွဲပြီးမှသွားကြည့်မယ်လို့ပြောထားတယ်လေ ဒီနေ့ကအချိန်လဲမရှိဘူး"
ကျွန်တော်သူ့စကားကိုငြင်းလိုက်ပေမယ့် သိသိသာသာပျက်ယွင်းနေတဲ့သူ့မျက်နှာကြောင့် သူ့ကိုစိတ်ပူနေမိတယ်။
"လုပ်ပါ Lu ရာ နော်"
တောင်းဆိုပြီးပြောနေတဲ့သူ့ကိုကျွန်တော်နားမလည်သလို စိုက်ကြည့်နေမိတယ် အရင်ဆို ကျွန်တော်ကပြန်တော့ဆို ချက်ချင်းပြန်သွားတတ်တဲ့လူမဟုတ်လား။သူဘာဖြစ်သွားတာလဲ မေးချင်မိပေမယ့် ကျွန်တော်မေးလိုက်မှသူပိုစိတ်ညစ်သွားမှာမလိုလားတာကြောင့် သူ့စကားကိုမငြင်းဘဲရုပ်ရှင်ရုံကိုလိုက်လာလိုက်တယ်။ကျွန်တော်တို့ကြည့်နေတဲ့ကားက ဟာသ ကားဒါပေမယ့်သူကတချက်လေးမှမရီသလို သူ့မျက်နှာကိုဘဲကြည့်နေတဲ့ကျွန်တော်လဲဇာတ်လမ်းကဘာအကြောင်းလဲတောင်မသိလိုက်ဘူး။
"Lu ကဒီexam ပြီးရင်ကျောင်းပြီးပြီဆိုတော့ ကိုယ်တို့အခုလိုအမြဲမတွေ့ရတော့ဘူးပဲ"
ရုတ်တရက်ပြောလိုက်တဲ့သူ့စကားကြောင့်စဉ်းစားမိသွားတာက ဒီကောင်လေးအခုမှဒါကိုတွေးမိပြီး စိတ်မကောင်းဖြစ်သွားတာလားပေါ့။
"ဒါကြောင့် Hun မျက်နှာပျက်နေတာလား အမြဲတမ်းတွေ့ရအောင်ငါ့မှာစဉ်းစားထားတာရှိပါတယ် ဘွဲ့လွန်ဆက်တတ်မယ်လေ အာ့ဆို Hun နဲ့အခုလိုအမြဲတွေ့ရမှာပေါ့"
Omma မနက်ကသတိပေးလိုက်တဲ့ကိစ္စကကျွန်တော့်အတွက်အခုတော်တော်အသုံးဝင်တဲ့ဆုံးဖြတ်ချက်ဖြစ်သွားတာပဲ။ Xiao Luhan တော့ ကြီးကြီးမားမားစဉ်းစားပြီးဆုံးဖြတ်လိုက်တာပဲ။
ကျွန်တော့်အဖြေကိုကြားပေမယ့် သူ့မျက်နှာမှာပျော်သွားတဲ့အရိပ်အယောင်မတွေ့တာကြောင့် ကျွန်တော်ပိုပြီးစိတ်ပူလာပြီ
"Hun ဘာဖြစ်နေတာလဲဟင် ဖုန်းပြောပြီးထဲကမျက်နှာလဲမကောင်းဘူး ဘယ်သူဆက်တာလဲဟင်"