Episode 9

1.3K 147 2
                                    

"Bye Lu ကိုယ့်ကိုလွမ်းမနေနဲ့ဦး"

"ဘာ Lu လဲမင်းကိုခေါ်ခွင့်ပေးထားလို့လား ပြီးတော့မင်းကိုငါကလွမ်းစရာလား"

"ဟားဟားဟားးးးး"

Kris တစ်ယောက် Canada ခနပြန်မယ်ဆိုလို့ ကျွန်တော်လဲပျင်းပျင်းရှိတာနဲ့ လေယာဉ်ကွင်းလိုက်ပို့ပေးဖြစ်တယ်။ပြန်လာရင်သူ့ကောင်မလေးပါခေါ်ခဲ့မယ်ဆိုလားပဲ။လေယာဉ်ပေါ်မတတ်ခင်ကျွန်တော့်ကို စ နေတာလေ Lu လို့ခေါ်တာမကြိုက်မှန်းသိလို့။
Lu ဆိုတဲ့အခေါ်အဝေါ်လေးကို သူ့ဆီကပဲကြားချင်နေမိသေးတယ် တမ်းတနေတယ်တော့မဟုတ်ဘူး စွဲလမ်းမှုတစ်ခုလို့ပဲ ခေါင်းစဉ်တပ်ရမလား?ရေရေရာရာမပြောပြတတ်ပေမယ့် အသေးအဖွဲလေးတွေကအစကျွန်တော့်ဦးနှောက်ရော နှလုံးသားရောကပါမှတ်မိနေတတ်သေးတယ်။

အေးလေ ဘယ်မေ့ပါ့မလဲ မေ့အောင်လဲကြိုးမှမကြိုးစားခဲ့တာ ကျွန်တော်တို့ကမုန်းလို့လမ်းခွဲခဲ့ကြတာမှမဟုတ်ပဲ။သူ့ဘက်ကတော့ကျွန်တော့်ကိုမုန်းနေမလားတော့ကျွနိတော်မသိဘူး သိလဲမသိချင်မိဘူး သိနေရရင်နာကျင်နေရမယ်မှတ်လား။

ကိုယ့်ဘေးမှာမရှိတော့တဲ့ ထွက်သွားတဲ့လူတယောက်ကို မျှော်လင့်နေသေးတာလားဆိုတော့လဲမဟုတ်ပြန်ဘူး။

သူကထွက်သွားတာမဟုတ်ဘဲ ကျွန်တော်ကနှင်ထုတ်ခဲ့တာမို့လို့လေ။ချပြီးသားဆုံးဖြတ်ချက်တစ်ခုအတွက်လဲ ကျွန်တော်နောင်တမရပါဘူး မှန်တယ်ထင်လို့ရွေးချယ်ခဲ့တာပဲ နှလုံးသားကိုစတေးပြီးတော့ပေါ့။

သူနဲ့ပတ်သတ်တဲ့အရာအားလုံးကိုမမေ့နိုင်ဘူးဆိုတာကလဲ ကျွန်တော်ကိုယ်တိုင်ကလိုလိုလားလားနဲ့ အမှတ်တရတွေအဖြစ်သဘောထားခဲ့လို့မဟုတ်လားးး။အကြောင်းတိုက်ဆိုင်တိုင်းခေါင်းထဲရောက်လာတာထူးတော့မထူးဆန်းပါဘူးလေ တခါတလေစိတ်ပင်ပန်းရတာကလွဲလို့ပေါ့။

"သွားပြီ Luhan တစ်ပတ်ပဲကြာမှာသိလား လိမ်လိမ်မာမာနေ ပြန်လာရင် Yeollie နဲ့မိတ်ဆက်ပေးမယ်"

"အေးပါ မြန်မြန်သွားတော့ တစ်ပတ်ပဲဆိုပြီး တစ်လလောက်ကြာမှာမြင်ယောင်နေတယ် မင်းမရှိတော့နားအေးတာပေါ့ကွာ"

Only UWhere stories live. Discover now