Episode 18

1.6K 171 4
                                    

"ရော့ ဒီထီးယူပြီးပြန်တော့"

မျက်လုံးတွေနဲ့စကားပြောနေတာကိုခနရပ် မိုးသည်းသည်းထဲမှာ မိုးရေတွေစိုရွှဲနေတဲ့သူ့ကိုမြန်မြန်ပြန်ခိုင်းရမယ်မှတ်လား အအေးမိပြီးဖျားသွားမှ ကျွန်တော်လုပ်လို့ဖြစ်နေဦးမယ်။

"ကိုယ်တို့ အေးဆေးစကားပြောဦးမယ်လေ"

"Oh Sehun မင်းတော့သွက်သွက်ခါအောင်ရူးနေပြီပဲ ကိုယ့်ကိုကိုယ်လဲပြန်ကြည့်ဦး မင်းဖျားသွားရင်ငါ့ကြောင့်လို့မပြောနဲ့"

"ကိုယ့်ကိုစိတ်ပူနေတာလား Lu "

"မပူပါဘူး ပူစရာလား တော်ပြီမင်းပြန်တော့"

လူကစိတ်မပူဘူးသာပြောတာတကယ်တော့စိတ်ကပူလွန်းလို့ရူးမတတ်ဘဲ။

"အဲဒါဆို ကိုယ်တို့မနက်ဖြန်တွေ့ပြီးစကားပြောရအောင်လေ နော် Lu "

အခု သူပြောတာကိုလက်မခံရင်ပြန်မယ့်ပုံလဲမပေါ်တော့ သူ့စကားကိုလက်ခံရတယ်

" အင်း မြန်မြန်ပြန်တော့"

"ဒါဆိုမနက်ဖြန် မနက် ၁၀နာရီကိုယ်တို့အရင်ဆုံနေကြ ပန်းခြံလေးထဲက ကိုယ်စောင့်နေမယ်နော် ဆက်ဆက်လာခဲ့နော် Lu"

သူ ပန်းခြံလေးကိုမှတ်မိနေသေးတယ် ကျွန်တော့်စိတ်ထဲကျေနပ်မိသွားတာအမှန်ပဲ နှစ်တွေကြာသွားပေမယ့် သူမမေ့ခဲ့ပါလား ကျွန်တော်လိုပဲနော် အင်းလေသူနဲ့ကျွန်တော်ဆိုတာအမြဲထပ်တူကျနေတတ်ခဲ့တာမဟုတ်လား။

ပြန်ရဦးမယ့်သူ့ကိုထီးပေးပြီး ကျွန်တော်အိမ်ထဲပြေးဝင်လာခဲ့တယ် မျက်နှာချင်းဆက်ဆိုင်နေရင် ကျွန်တော့်ရင်ထဲဘာတွေရှိလဲသူသိသွားတော့မယ်မဟုတ်လား။

ညကအတွေးတွေနဲ့နောက်ကျမှအိပ်ဖြစ်တော့ နိုးတဲ့အချိန်ကနေတောင်မြင့်နေပြီ။နာရီကြည့်တော့၇နာရီခွဲ။နိုးတာနဲ့ခေါင်းထဲတန်းရောက်တာက သူနဲ့သွားတွေ့သင့်လား သွားမတွေ့သင့်ဘူးလားဆိုတဲ့အတွေး။

ကျွန်တော်သူနဲ့သွားတွေ့ပါပြီတဲ့ ဘယ်ကစ လို့ဘာအကြောင်းပြောရမှာလဲ ကျွန်တော်သူ့ကိုလမ်းခွဲစကားပြောခဲ့တာက စ ပြီးရှင်းပြရမှာလား။ရှင်းပြရအောင်လဲ သူသိနေခဲ့တာပဲမဟုတ်လား ဒါဆိုသူနဲ့ကျွန်တော်ဝေးနေတဲ့လေးနှစ်တာအတွင်း သူ့ကိုသတိရနေခဲ့တဲ့အကြောင်းတွေပြောပြရမှာလား။အဲဒါတွေပြောပြတော့ အခုကျွန်တော်တို့အခြေအနေကဘယ်လိုဖြစ်သွားမှာလဲ။

Only UOnde histórias criam vida. Descubra agora