Episode 14

1.2K 149 2
                                    

ကျွန်တော့်မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့မိန်းကလေး ကျွန်တော်သိခဲ့ဖူးတဲ့ Sehun ရဲ့noona ဆိုသူက အခုတော့ Kris ရဲ့ချစ်သူတဲ့လား?

တိတိကျကျပြောရရင်လွန်ခဲ့တဲ့၎နှစ် Sehun ထွက်သွားခဲ့တယ် ကျွန်တော့်လမ်းခွဲစကားကိုလက်ခံတယ်မဟုတ်ပေမယ့် တစ်ဖက်ကအမြန်ပြန်လာခိုင်းမှု တွေကြောင့်မလွှဲသာမရှောင်သာ ရွေးချယ်ခွင့်မရှိစွာနဲ့ သူထွက်သွားခဲ့တယ်။

ကျွန်တော်သူ့ကိုဘာမှမပြောခဲ့ဖူးဆိုရင် သူထွက်သွားဖို့မသေချာပေမယ့် ကျွန်တော့်စကားတွေကြောင့် သူလက်မခံနိုင်ပေမယ့် ထွက်ခွာဖို့ပဲရွေးချယ်ခဲ့ရတယ်။

မျက်ရည်တွေမနားတမ်းကျနေလို့ နောက်ထပ်သူ့ကိုတကြိမ်လေးတောင်မျက်နှာချင်းမဆိုင်ခဲ့တဲ့ကျွန်တော့်ကို နေနိုင်သူကြီးလို့သူထင်ကောင်းထင်နိုင်ပါတယ်။

သူထွက်သွားတာတောင်နှုတ်မဆက်ခဲ့ကြဘူးမှတ်လား ကျွန်တော့်ဘက်ကရော သူ့ဘက်ကရောပေါ့။

ပြန်ဆုံကြမယ်လို့ မပြောခဲ့ကြသလို ဘယ်တော့မှပြန်မတွေ့ဘူး လို့လဲရင့်ရင့်မာမာမပြောခဲ့ကြဘူး။

သိပ်တော့မဆန်းပါဘူးလေ ချစ်သူ ဖြစ်တာတောင်ဘယ်သူ့ဘက်ကဘယ်လိုစပြောလို့ချစ်သူဖြစ်မှန်းမသိဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့ နှုတ်ဆက်စကား လဲဘယ်သူဘက်ကမှမပြောခဲ့ကြပြန်ဘူး။

ဒါပေမယ့်ကျွတော်တို့ရင်ဘက်ချင်းအမြဲနားလည်ခဲ့တယ် အင်းးး သူနားလည်မယ်လို့လဲကျွန်တော်မျှော်လင့်ရတာပါပဲ။

သူ့ဘက်ကကျွန်တော် အခုချိန်ထိမျှော်လင့်နေမိတာ နားလည်မှု တစ်ခုထဲရယ်ပါ။

သူ့ကိုရော သူ့အချစ်ကိုရောကျွန်တော်ပြန်လည်မျှော်လင့်နေမိတာတော့မဟုတ်ရပါဘူး။

ဆုံးဖြတ်ချက်ချခဲ့သူကကျွန်တော်ကိုယ်တိုင်ပေမဟုတ်လား။

ကျွန်တော်သိထားသလောက်ဆို အခုကျွန်တော့်ရှေ့ကမိန်းကလေးက Sehun ရဲ့ဇနီးဖြစ်နေရမယ့်သူလေ ။

သူမကဘယ်လိုဖြစ်လို့ Kris ရဲ့ချစ်သူ။

နားမလည်နိုင်စွာနဲ့နှုတ်ဆက်စကားတောင်မပြောမိဘဲကျွန်တော်ကြောင်နေမိတယ်။

Only UOnde histórias criam vida. Descubra agora