EPISODE-1

11.9K 669 16
                                    


အုံ့မှိုင်း​နေတဲ့ရာသီဥတု.....​....
ကောင်းစွာမမြင်​ရတဲ့​နေ​​ရောင်​​အောက်​ကအကျဉ်း​ထောင်​ရဲ့တံခါးအ​ရှေ့.......ပြန်​လွတ်​လာမယ့်​အပြစ်​သား​တွေကို
စောင့်​ဆိုင်း​နေကြသူများ......အပြစ်​​ပေးခံရရာကလွတ်​​မြောက်​​တော့မယ်​ဆို​ပေမယ့်​ဘယ်​အရာကမှသူတို့ကိုကြိုဆိုမ​နေသလို.....

အထက်​​အောက်​အနက်​ဝမ်းဆက်​ဝတ်​ဆင်​ထား
ပြီးအတန်​ငယ်​ညှိုးနွမ်း​နေတဲ့အဝတ်​​တွေနဲ့အိတ်​ကို
ပုခုံး​ပေါ်တင်​ကာထွက်​လာတဲ့သူတစ်​​ယောက်​........
အနည်းငယ်​ဖြူ​ဖျော့​နေတဲ့မျက်​နှာကဘယ်​​လောက်
ပင်​ပန်းခဲ့တယ်​ဆိုတာသိသာပါတယ်​.........

"သူ​ဌေး....ပင်​ပန်းသွားပြီ.....စားလိုက်​ပါဦး...."

ထွက်​လာလာချင်းသူ့ဆီကိုအ​နောက်​တိုင်းဝတ်
စုံနဲ့လူသုံးယောက်​​လျှောက်​လာကာတစ်​​ယောက်​က
ဝယ်​လာတဲ့ပဲပြားကို​ပေးလိုက်​တယ်​.....ထိုသူကလှမ်း
ယူလိုက်​ပြီး.....

"Chanyeol​ရော??သူဘာလို့မပါလာတာလဲ??"

ချော​မောလှတဲ့ရုပ်​ရည်​နဲ့မလိုက်​​အောင်​မာထန်​လှတဲ့
အသံ.....မျက်​နှာအထိပါခက်​ထန်​​နေ​ပေမယ့်​​ချော​မော
နေဆဲ.......အရှိန်​အဟုန်​ကြီးမည့်​သူဖြစ်​ဟန်​တူသည်​....
သူ​မေးလိုက်​​တော့သုံး​ယောက်​လုံးထိတ်​ထိတ်​ပြာပြာ
နဲ့.......

"ဟို.......သခင်​​လေးကမလိုက်​ချင်​ဘူးတဲ့...."

အ​ကြောင်းအရင်းကိုသိပြီးတဲ့အချိန်​တွန့်​​ကွေးသွား
တဲ့မျက်​ခုံး​နက်နက်​​တွေ........

"ဘာ!!မလိုက်​ချင်​ဘူးဟုတ်​လား....."

"ဟုတ်​...ဟုတ်​ပါတယ်​.."

"​တောက်​!!!လာ...အိမ်​မြန်​မြန်​ပြန်​မယ်​...."

နောက်​​တော့ထိုသူက​ဘေးမှာရပ်​ထားတဲ့ကား​ပေါ်
ဦး​ဆောင်​တက်​သွားပြီး​နောက်​ကား​လေးဟာလည်း
Seoulမြို့ထဲတစ်​​နေရာသို့.......

M.O.N.S.T.E.R.....

ဒီ​နေ့7.10.11.....သူပြန်​လွတ်​လာမယ့်​​နေ့ပဲ....
ဒီ​နေ့......ကျွန်​​တော့်​ရဲ့ငရဲခန်းဆီပြန်​သွားရမယ့်​​နေ့....
စိတ်​ကျဉ်းကျပ်​မှု​တွေဒဏ်​ရာ​တွေနာကျင်​မှု​တွေနဲ့အခန်း
လေးထဲမှာတစ်​​ယောက်​တည်းငိုရင်းကုန်​ဆုံးရမယ့်​​နေ့
ရက်​​တွေဒီ​နေ့ကတစ်​ဖန်​စတင်​​တော့မယ်​.......စိတ်​ချမ်း
သာခဲ့ရ​သော​နေ့ရက်​​တွေကဒီ​နေ့မှာအဆုံးသတ်​​တော့
မယ်​.....​ဖေ​ဖေနဲ့အ​မေ​မေရဲ့ရင်​ခွင်​ထဲက​နေကျွန်​​တော့်
ကိုဆွဲထုတ်​ခဲ့တဲ့လူကြီး.....ကျွန်​​တော်​​သေ​လောက်
အောင်​မုန်းပါတယ်​ဆိုတဲ့လူကြီး....ဒီ​နေ့​ထောင်​ထဲက
ပြန်​လွတ်​လာ​တော့မယ်​......

MONSTERWhere stories live. Discover now