EPISODE-19 (Final)

2.3K 152 5
                                    

အ​ဝေးတစ်​​နေရာဆီက ​နေ​ခြည်​​ဖျော့​ဖျော့နဲ့ သဲမှုန်​နုနုတို့ကိုသယ်​​ဆောင်​လာတဲ့ ​လေ​ပြေတ်ို့ပျော်​ရွှင်​မြူးထူးတဲ့ည​နေခင်းမှာ
Chanyeol အိမ်​​ရှေ့ခုံမှာထိုင်​ရင်း ပင်​လယ်​ကြီးကို​ငေးကြည့်​​နေတယ်​......

ကမ်း​ခြေမှာ​ဆောက်​ထားတဲ့အပန်း​ဖြေအိမ်​ပုံစံမျိုးဖြစ်​တာ​ကြောင့်​ ပင်​လယ်​နဲ့နီးကပ်​စွာရှိ​နေတာက Chanyeol အကြိုက်​ဆုံး​တွေထဲကတစ်​ချက်

ဘာလိုလိုနဲ့ နှစ်​​တွေ​တောင်​အ​တော်​ကြာခဲ့ပြီ ။ FanFan နဲ့သူ့ Daddy ငြိမ်းချမ်း​ရေးယူလိုက်​ကြပြီး ကျွန်​​တော်​တို့နှစ်​​ယောက်​ကိုတရားဝင်​ခွင့်​ပြု​ပေးလိုက်​တာမ​နေ့တစ်​​နေ့ကလိုပဲ

တစ်​​ယောက်​တည်း​နေရတာပျင်းတာ​ကြောင့်​သူနဲ့တူတူလိုက်​​နေဖို့ Daddy က​ခေါ်​ပေမယ့်​လည်း FanFan ကငြင်းလိုက်​ပြီး အခုလက်​ရှိ Florida က YiXing Hyung ရဲ့အိမ်​ကိုပဲဝယ်​လိုက်​ပြီး အ​ခြေချ​နေဖြစ်​ခဲ့တယ်​....

Korea ကို​တော့မကြာခဏသွားလည်​ဖြစ်​တာမို့ FanFan ကအိမ်​ကိုမ​ရောင်းပဲ Minn ကို​စောင့်​ကြည့်​​စေခဲ့တယ်​....

Baekhyun နဲ့ Sehun လက်​ထပ်​သွားပြီဆိုတဲ့သတင်းလည်းကြားလိုက်​သလို မကြာခင်အချိန်မှာပဲ ​​Florida အထိလိုက်​လာပြီးဒုက္ခ​ပေးသွားပါ​သေးတယ်​....

FanFan က​တော့ ဒီမှာပဲ ​ဆောက်​လုပ်​​ရေး Company
ထောင်​ထားပြီး လူယုံတစ်​​ယောက်​နဲ့လွှတ်​ထားကာ အိမ်​မှာပဲ​နေပြီး လိုမှသာရုံးကိုသွားတယ်​......

"ဘာ​တွေစဉ်းစား​နေလဲက​လေး??......"

ပုခုံး​ပေါ်​ရောက်​လာတဲ့ခြုံစပါးပါးနဲ့အတူ ပါး​ပေါ်ကျ​ရောက်​လာတဲ့ FanFan ရဲ့အနမ်းတချို့.... Chanyeol ပြုံးပြလိုက်​ပြီး.....

"ဒီအတို်​င်းပဲ ဟို​တွေး ဒီ​တွေး​ပေါ့...."

"Aigoo.....အရမ်းကြီးမစဉ်းစားပါနဲ့ ​တော်​ကြာ ကိုယ့်​က​လေး​လေး မြန်​မြန်​အဖိုးကြီးဖြစ်​​နေမယ်​.."

"FanFan ​နော်​!!..."

ကျွန်​​တော်​ရန်​​တွေ့​တော့ FanFan ကရယ်​ရင်း တစ်​​နေရာကိုအပြုံးတို့ဖြင့်​​ငေးကြည့်​နေတယ်​.....

MONSTERWhere stories live. Discover now