EPISODE-13

3.1K 265 14
                                    

    Yifanအလုပ်​သွားဖို့ပြင်​ဆင်​ပြီး​အိမ်​​အောက်​ထပ်
ဆင်းလာ​တော့မီးဖိုထဲမှာမနက်​စာပြင်​ရင်းChanyeol
အလုပ်​ရှုပ်​​နေတာလှမ်း​တွေ့လိုက်​တယ်​.....

Arjimaက​တော့သူ့​ဘေးမှာရပ်​ရင်းChanyeolကိုပြုံး
ကြည့်​​နေတယ်​....

"Chanyeol.....ဒီ​နေ့ခါတိုင်းထက်​ပို​ပျော်​​နေသလိုပဲ..."

ထမင်းစားခန်းထဲ​ခြေလှမ်းဖို့ပြင်​​နေစဉ်​မှာArjima
စကား​ကြောင့်​Yifan​နေရာမှာငြိမ်​ပြီးရပ်​​နေမိတယ်​.....

Chanyeolဘာ​ပြောမလဲသိချင်​သည်​​လေ......

"​ပျော်​တာ​ပေါ့Arjimaရ....အခု သားချစ်​တဲ့FanFan
ဘေးမှာပြန်​​နေနိုင်​ပြီ​လေ.....သားက အခုဆိုFanFan
ကိုအရင်​ထက်​ပိုဂရုစိုက်​​ပေး​တော့မှာ...."

သူ့ကိုယ်​သူ "သား" လို့နာမ်​စားသုံးလိုက်​တာ​ကြောင့်
Chanyeolဟာ က​လေး​လေးတစ်​​ယောက်​က
သူ့စိတ်​ကူး​တွေကို သ​ဘောကျနှစ်​သက်​စွာ​ပြောပြ
နေသ​ယောင်​......

Chanyeol ရဲ့အ​ဖြေစကား​ကြောင့်​ Yifan မသိစိတ်
ကပြုံးလိုက်​မိတယ်​.......

" ​ဟော....Chanyeol​ရေ...သူ​ဌေး​တောင်​​ရောက်​လာ
ပြီ...."

Arjimaစကားအရသူတို့ကိုယ့်​ကိုမြင်​သွားပြီဟု
ကောက်​ချက်​ချပြီး​နောက်​စားပွဲမှာဝင်​ထိုင်​လိုက်​တယ်​.....

"အခု​လေးတင်​ မနက်​စာအဆင်​သင့်​ဖြစ်​တာ....
ခဏ​စောင့်​...ကျွန်​​တော်​ပြင်​​ပေးမယ်​..."

Yifanစားပွဲမှာထိုင်​လိုက်​ချင်းပဲChanyeolကပြုံးကာ
ပြောလာသည်​.....

အိမ်​ပြန်​​ခေါ်တုန်းက​တောင်​ခါးခါးသီးသီးလုပ်​​နေပြီး
အခုမှဘယ်​လို​ကြောင့်​ကျွန်​​တော့်​အ​ပေါ်ဒီ​လောက်
ကောင်း​နေလဲမစဉ်းစားတတ်​​တော့.....

Chanyeolပြင်​​ပေးတဲ့မနက်​စာကရိုးရိုးရှင်းရှင်း​လေးပဲ...
ကြက်​ဥ​ကြော်​တစ်​လုံးရယ်​အရမ်းလည်းမမာ​အောင်
ဂရုတစိုက်​​ကြော်​ထားတဲ့အသားပြားအနည်းငယ်​ရယ်​......
နွားနို့တစ်​ခွက်​ရယ်​.......

ဒါ ကျွန်​​တော်​စား​နေကျပုံစံပဲ...Arjimaကိုများ​မေး
ထားလားမသိ.....

MONSTERWhere stories live. Discover now