"Ah~"
ကားတစီး၏ ဘရိတ်ဆောင့်အုပ်လိုက်သံနှင့်အတူ လဲကျသွားတဲ့ ကျတော်... Park Chanyeol...
အိမ်နဲ့နီးတာမို့ လမ်းလျှောက်လာမိခါမှ... လမ်းကို သေချာမကြည့်ပဲ ရုတ်တရက်ဖြတ်လျှောက်မိတဲ့ ကျတော့်အမှားပဲမို့...
"ဟို... sorryနော်... ခိုက်မိသွားသေးလား?"
ကားပေါ်က ဆင်းလာတဲ့လူက ပြဿ နာ မရှာတဲ့အပြင် သဘောကောင်းတာမို့ တော်သေးသည်. တကယ်ဆို တောင်းပန်ရမဲ့လူက ကျတော်လေ... ဒီနားက လူတွေ တကယ်သဘောကောင်းပုံရတယ်. ကျတော် ထိုသူကို ရယ်ပြရန်အလို့ငှာ သွားတွေ အကုန်ပေါ်လောက်အောင် အရင်ပြုံးမိသည်.
ထောက်လိုက်မိတာမို့ လမ်းနဲ့ပွတ်မိကာ ပွန်းပဲ့သွားတဲ့ လက်ဖဝါးကို ငုံ့ကြည့်နေရာမှ မျက်လုံးထောင့်မှ ကမ်းပေးလာတဲ့ ခပ်ဖွေးဖွေးသွယ်သွယ်လက်တို့ကြောင့် မော့ကြည့်မိစဉ်...
"ထနိုင်...?"
ကျတော့်ကို မြင်တာနဲ့ မေးနေတဲ့ စကားက တဝက်တပြတ်နဲ့တင် ရပ်သွားကာ နှုတ်ခမ်းဖူးဖူးက လှပဖော်ရွေတဲ့ အပြုံးတို့ပါ ပျောက်သွားရင်း ခေါင်းကို စောင်းလိုက်ပြီး ကျတော့်ထံက အကြည့်လွှဲကာ လက်ကိုပါ ပြန်ရုတ်သွားသည်.
ရုတ်တရက်တွေ့လိုက်ရတာဆိုပေမဲ့ ကျတော်ကတောင် ပိုအံ့သြနေသလိုပဲ...
"ဘာမှမဖြစ်ဖူးမလား... အမြန်ထပြီး လမ်းဖယ်ပေး."
ကျတော့်လက်ဖဝါးက ဒီလောက်တောင် ဖြစ်သွားတဲ့ ကိစ္စကို သူက အေးအေးဆေးဆေးကြည့်ပြီး...
သူ့ခြေတံရှည်ရှည်နဲ့ လိုက်ဖက်စွာ ရှိနေတဲ့ ကျတော်မှီရာ ဘောင်းဘီရှည်ကြီးကို ဆွဲချွတ်ချင်စိတ် ပေါက်သည်အထိ စိတ်တိုလာမိသည်.
ဒါပေမဲ့လဲ ရအောင် ထလိုက်ပြီး ရွဲ့ပြုံးပြလိုက်ရင်း ကျေးဇူးတင်စကားပါ shit*ထည့်ပြီး ပြောပေးလိုက်တယ်.
သူကလဲ မဖြုံသလို လုပ်ရယ်ပြရင်း ရပါတယ် ပြောသွားသေးသည်.
ကားပေါ်တက် စက်နှိုးပြီးမှ ဆေးဆိုင်ဘယ်မှာ ရှိတယ်ဆိုတာကို လက်ညိုးနဲ့ ဟိုလိုလိုဒီလိုလို ထိုးပြပြီး ထွက်သွားသည်.
