A/N
Ummm... Hi.. I'm still alive xP
အစကတည်းက updateကြာမယ်ပြောထားခဲ့ပေမဲ့ ကြာသွားတာ 1လ2လတောင်မဟုတ်တာမို့ ဘာအကြောင်းပြချက်မှ မပေးတော့ပါဘူး😅.
ကျတော့်လို ဂဂျိုးဂဂျောင်ရဲ့ficကို ကိုယ်တိုင်တောင်အားမရပေမဲ့ မမေ့မလျော့နဲ့ စိတ်ရှည်ရှည်လာမေးကြတာတဲ့ အစ်မကြီးတို့ကိုရော ဖတ်ပေးကြတဲ့ အကုန်လုံးကိုရော ကျေးဇူးတင်ပါတယ် xP 💕.. အရေးအသားက ပိုဆိုးလာလို့ အားလဲနာတယ် :3..ကျတော့်ရဲ့ Bboom WMဆိုတဲ့ fb accက ပျက်တာလဲ မဟုတ်သလို ဘယ်သူ့ကိုမှ blockထားတာလဲမဟုတ်ဘူး..
ဒီအတိုင်း စိတ်ဖောက်လို့ deထားတာပါ :3..
ကျတော် personal accမှာပဲ ရှိတယ်..
သိတဲ့သူတွေကို လိုက်addကြည့်ပေမဲ့ သူတို့ကလဲ ကိုယ့်နာမည်အရင်းတွေဘာတွေထားဦး.. Lမှန်းတောင်မသိလို့ လက်မခံကြတာနဲ့ ဘယ်သူ့မှ ထပ်မaddဖြစ်တော့တာပါ😅.. ပြောစရာရှိရင် wattpadက msg boxမှာပဲ ပြောလဲ ရပါတယ်💓ပြီးတော့ updateနဲ့ ပတ်သက်လာရင် ကျတော်ပြောသမျှမယုံပါနဲ့လို့😁 (အကြောင်းသိတွေကတော့ မယုံမှန်းသိပေမဲ့ xP)
Thanks for your attention, guys💓
Here is the new chapter👇____________💓_____________
"Wu YiFan... ရော....?"
ကျတော်အိပ်ယာနိုးကတည်းက မတွေ့ရသော လူကြောင့် သူနှင့်ကုတင်တခုတည်းအိပ်သည့် Baekhyunကို မေးမိခြင်း...
ကျွန်တော်ဘယ်လိုရုပ်ဖြစ်နေပါစေ ဘာဖြစ်နေသည်ကို တန်းမှန်းတတ်သည့် ဤငယ်သူငယ်ချင်းရှေ့တွင် ဘာဖြစ်နေမှန်းကိုယ်တိုင်ပင်မသိသော်လည်း တတ်နိုင်သလောက် မည်သည့်ခံစားချက်မှမပေါ်ရန် ထိန်းရင်း မေးမိသည်..
မနေ့ည.. ကျတော်တို့အခန်းပြန်ရောက်တော့ ကျတော်ကသာ မျက်နှာပူနေပေမဲ့ သူက တကယ်အိပ်ပျော်နေသည်ဟုထင်ရပြီး မနက်တွင် Sehunကို တွေ့နေရသည့်တိုင် သူ့ကိုမူ ယခုထိ မမြင်မိသေး... ကျတော်ညကတော်တော်နှင့်အိပ်မပျော်ပေမဲ့ မနက်ကိုလဲ ခါတိုင်းထက် စောနိုးသည်ထင်တာပါပဲ...
"ဟမ်! ငါမသိဘူးလေ..
Sehunnie! Kris Hyungရောတဲ့.. Chanyeolက.."Sehunသိလျှင် စ,နေမည်စိုးတာကြောင့် သူမကြားအောင် Baekhyunကိုတိုးတိုးမေးတာဆိုပေမဲ့ အနှီချစ်စရာကောင်းလှသော သူငယ်ချင်းက သဘောကောင်းစွာ Sehunကို အော်မေးပေးလေသည် :3
