"Hummmm... ငါလဲရေကူးချင်တယ်.."
Hotelရဲ့ ရေကူးကန်ပတ်ဝန်းကျင်မှာ နေ့လည်စာစားသူများ အပန်းဖြေနေသူများနှင့် လူရှင်းမနေတာမို့ တောင်ကိုရီးယားက နာမည်ကြီး idol Byun Baekhyunတယောက် ရေထဲဆင်းမရဖြစ်နေခြင်း...
"အာ.. ပူလိုက်တာ"
အရိပ်ထဲမှာထိုင်နေတာပေမဲ့ အပြင်က အပူရှိန်နှင့်အပြင် လူသတိမထားမိအောင်ဆိုကာ Hoodieအထူအပွကြီး ဝတ်ထားတဲ့ Baekhyun ပွစိပွစိ ညည်းနေပြန်သည်..
"Kris Hyung! Chanyeol Hyung! ဆင်းခဲ့လေ.. "
၁ယောက်တည်း ရေဆင်းကူးနေတဲ့ Sehunလှမ်းအော်ပြောလာသည်.. Baekhyunရဲ့ ဘေးကခုံမှာထိုင်နေတဲ့ Wu YiFanကတော့ သွားမည့်ပုံမပေါက်တာမို့ ကျတော်အပေါ်က အင်္ကျီလက်ရှည်ကို ချွတ်ခဲ့ရင်း ရေထဲဆင်းလိုက်သည်..
Byun Baekhyunရဲ့ 'အဲ့ကောင်လေး ငါ့ကိုတော့ မခေါ်ဘူး'ဆိုသည့် အပြောကို လျစ်လျှူ ရှု၍....
အေးစိမ့်နေသောရေရဲ့အထိအတွေ့နဲ့ လန်းဆန်းသွားတာကြောင့် ကျတော်အားပါးတရပြုံးမိတော့ Baekhyunရဲ့ဘေးမှာထိုင်နေတဲ့ Wu YiFanရဲ့ ခပ်စူးစူးအကြည့်တချက်ကိုပါ သတိထားမိလိုက်တယ်.. Byun Baekhyunကတော့ Sehunထံမှ အကြည့်မလွှဲနိုင်ရှိ၏... အင်္ကျီခေါင်းစွပ်ကို ခပ်ငိုက်ငိုက်ဆွဲချထားတဲ့သူက ပေါ်တင်ပင် ထိုင်ကြည့်နေပြီး သူ့အကြည့်လားရာကို မသိသာဟုထင်နေပုံရသည်...
"Hyung.. ဟိုကောင်မလေးတွေ လှတယ်နော်"
ခပ်ပြုံးပြုံးနဲ့ ကပ်ပြောတဲ့ Sehunစကားကြောင့် ကြည့်မိတော့ ကျတော်တို့ကို လှမ်းကြည့်နေသည့် အရပ်မြင့်မြင့်မိန်းကလေ3းယောက်.. Modelတွေလို့တောင် ထင်ရသလိုပဲ..
"အဟက်.. အင်း.. လှတယ်"
ကျတော်နှုတ်ခမ်းတဖက်တွန့်ရင်းပြောမိတယ်.. ကျတော့်အကြည့်နဲ့ဆုံသွားတဲ့ အလယ်က ကောင်မလေးက ပြုံးရင်း မဝံ့မရဲပုံစံလေးနဲ့ တဖက်လှည့်သွားလေသည်..
ကျတော်မချစ်ဖူးသေးပေမဲ့ ထိုကဲ့သို့ မိန်းကလေးမျိုးတွေကို သဘောကျတယ်.. ကျတော့်ထံမှ အကြည့်လွှဲသွားသည်အထိ စိုက်ကြည့်ရတာမျိုးကို ကြိုက်တယ်..
ထိုကောင်မလေး ၃ယောက်ထံလျှောက်လာသည့် အတော်လှသည့် ကောင်မလေးတယောက်.. ရွှေအိုရောင်ဆံပင်လိမ်လိမ်တို့ကို ဖရိုဖရဲချထားပြီး အနီရောင်blouseနှင့် ဂျင်းဘောင်းဘီရှည်ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတဲ့သူမဟာ ရိုးရှင်းပေမဲ့ အတော်များများရဲ့ အကြည့်ကို တခဏအတွင်း ဖမ်းယူသွားလေရဲ့..
