Part3

5.5K 591 51
                                        

#​သောကြာ​နေ့တ​နေ့ရဲ့ ည​နေခင်း....

ရာသီဥတုက​တော့ သိပ်​မကြည်​ချင်​... ပတ်​ဝန်းကျင်​တခုလုံး ​တိမ်​တိုက်​များနှင့်​ ​မှောင်​​မည်းလို့ ​... အပြင်​မှာဆို ​လေတိုက်​လိုက်​တိုင်း ​အေးစိမ့်​စိမ့်​...

ကျ​တော်​က​တော့ Wu YiFanရဲ့ စာဖတ်​ခန်းထဲ ပျင်းပျင်းရိရိထိုင်​ရင်း Sehun စာလုပ်​တာကို ​စောင့်​​ပေး​နေရတယ်​....

Sehunက​တော့ ပိုဆိုးသည်​... စာလုပ်​ရတာ စိတ်​မပါသည်​က သိသာလွန်း​နေသည်​​လေ... သူဒီလိုဖြစ်​​လေ့မရှိသလို ကျ​တော်​ကလဲ ကိုယ်​ချင်းစာတတ်​တာမို့ ဘာမှသိပ်​မ​ပြောဖြစ်​... တခါတ​လေပဲမလား? ကျ​တော်​ဆိုရင်​လဲ စာနဲ့ပတ်​သတ်​ရင်​ သိပ်​ပျင်းတတ်​တာမို့....

*ting

Messageဝင်​လာတာမို့ Sehunကျ​တော့်​ကို တချက်​ကြည့်​ပြီး သူ့phကို ခဏယူကြည့်​တယ်​...

မျက်​​မှောင်​ကြုံ့ကာ ခဏမျှစဉ်းစားပြီး သူreplyပြန်​လိုက်​တယ်​ထင်​တာပဲ...

ဖုန်းကို သူ့​ဘောင်းဘီအိတ်​​ထောင်​ထဲ ပြန်​ထည့်​ပြီး ရုပ်​ကပြုံးစိစိဖြစ်​​နေသည်​...

ဘာလဲ.... သူကတကယ်​ကြီး ရည်းစားရှိ​နေတာလား...

"Hyung.... ကျ​တော်​ အိမ်​သာခဏသွားမလို့"

"​သြော်​... အင်း... သွား​လေ"

5မိနစ်​​လောက်​ကြာတဲ့အထိ ပြန်​မလာ​သေးတာမို့ ကျ​တော်​ထိဖို့စိတ်​ကူးမရှိတဲ့ ​ဘေးစာအုပ်​စင်​က စာအုပ်​တချို့ကို ယူကြည့်​မိသည်​...

တရုတ်​လို​ရေးထားတဲ့ စာအုပ်​​တွေ....
ကိုရီးယားလို​တွေ......
နောက်​.... အင်္ဂလိပ်​လို​တွေ....
ဂျပန်​လို​​ရေးထားတဲ့ စာအုပ်​​တွေ​တောင်​ ရှိ​သေးတယ်​ထင်​ရဲ့....

1အုပ်​...
2အုပ်​...
3အုပ်​...
4အုပ်​...
5အုပ်​...
6အုပ်​...
7အုပ်​...

စာအုပ်​အဖုံးနဲ့ အထဲပဲ နည်းနည်းလှန်​ကြည့်​ပြီး 7အုပ်​​လောက်​ရှိတာ​တောင်​ ကျ​တော်​စိတ်​ဝင်​စားစရာရယ်​လို့ ရှာမ​တွေ့ဘူး...

နှာ​ခေါင်းရှုံ့ကာ အခန်းတဝိုက်​ကို ​ဝေ့ကြည့်​မိရင်း ​ခေါင်း​တောင်​မူးလာသလိုပဲ... စာအုပ်​​တွေကနည်းနည်း​နော​နောလား... ကျ​တော်​က တကယ်​ စာအုပ်​​တွေနဲ့ Allergicရှိတယ်​ရယ်​ :3

Annoying BrothersWhere stories live. Discover now