အမျိုးစုံကြိုးခုန်တတ်သော cb normal romance fic part - 16 ပါဗျ
"ခွပ်!!! "
"အာ့!!!! "
yeol အိမ်ထဲသို့ဝင်လာလာချင်းပါးစောင်ထက်ဆီသို့ကျရောက်လာသောနာကျင်မှု တခု လက်ခုံနှင့်စမ်းကြည့်ရာ ပါးစောင်ထက်မှ အံကျလာသော သွေးစက်တို့နှင့်အတူ အသံနှစ်ခု ထွက်ပေါ်လာပုံကလည်း ကာရန်ညီစွာ
ထိုနည်းတူ lay ၏ခပ်မာမာ ညာလက်သီးတချက်သည်လည်း yeol ၏မေးရိုးနှင့် တစ်မဟုတ်ချင်းမိတ်ဆက်သွားပါ၏
" မင်း ငါ့မျက်နှာကိုချနင်းလိုက်တာပေါ့လေ ဟုတ်လားဟမ်"
lay ၏ ဒေါသတို့ရောစွက်နေသော အသံတို့က park အိမ်တော်ရှိ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော ဧည့်ခန်းကျယ်ကျယ်အတွင်းမှဟိန်းထွက်လာခဲ့သည်
ဖခင်ဖြစ်သူထံမှ တခါမှ အဆူပင်မခံခဲ့ရသော yeol တျောက်ရုတ်တရင်ဖြစ်ပေါ်လာသော အခြေအနေအောက်တွင် ပြားပြားဝပ်ခဲ့ရချေပြီ
ကြွေပြားတို့ဖြင့်ပြောင်လက်နေသော ဧည့်ခန်းကြမ်းပြင်နှင့် ပနာရစွာ yeol ဒူးထောက်လျက်ရှိနေပါ၏
" oppa ကလည်း ကလေးကို အဲ့လောက်ထိမလုပ်ပါနဲ့ "
suho တျောက် ကြမ်းပြင်တွင်လဲကျလုနီးနီး ဖြစ်နေသော သားဖြစ်သူကိုကြည့်ကာ ရင်ထဲမကောင်း၍ ခင်ပွန်းဖြစ်သူအား မဝံ့မရဲဟန့်တားလိုက်ပါ၏
မိခင်၏ ကရုဏာစွက်သံတို့နှင့်အတူ ကြင်နာသောလက်တစုံတို့ကလည်း yeol.၏ လက်မောင်းကို အားပါပါ ဆုပ်ကိုင်လျက် တွဲထစေလိုက်သည်
suho ၏ စကားသံတခွန်းကြောင့် lay အတန်ငယ်တည်ငြိမ်သွားကာ ဆိုဖာ ပ်ါသို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း ရှေ့တွင်ရှိနေသောစားပွဲပေါ်မှ laptop အား yeol ရှိရာဘက်သို့ထိုးပေးလိုက်သည်
"ဟူးးး ဒီကိစ္စကို မင်းဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ "
laptop screen ပေါ်တွင် စာလုံးခပ်ကြီးကြီးများဖြင့် new feed တခွင်နေရာယူထားသော သတင်းထူး သတင်းဦးတခုမှာ
" PARK Gp မှ တဦးတည်းသောအမွေဆက်ခံသူ park chanyeol သည် သူ၏မင်္ဂလာပွဲနီးကပ်နေချိန်တွင် ကျောင်းမှသူ၏တိတ်တိတ်ပုန်း ချစ်သူကောင်မလေးအားခိုးပြေး"
YOU ARE READING
အမျိုးစုံကြိုးခုန်တတ်သော
Romanceအချစ်ကိုလူတေကအဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြတယ် ကျမကတော့အချစ်ကို ရယူပိုင်ဆိုင်ခြင်း လို့ပဲအတိအကျပြောမယ် hk hk ဘာကြောင့်လဲဟလား ဘာကြောင့်လဲဆိုတော့ ကျမအတွက်တော့အချစ်ဆိုတာကျိက အပျင်းပြေကစားတဲ့ GAME သာသာလောက်ပဲ အဓိပ္ပာယ်ရှိခဲ့လို့ပေါ့ သို့ပေမယ့် တခုသောအချိန...