Part - 40

1.6K 122 20
                                    

အမျိုးစုံကြိုးခုန်တတ်သော
cb normal fic
part - 40

ညကြီးသန်းခေါင် လူသူကင်းမဲ့နေတဲ့ လမ်းမထက်က ဓါတ်တိုင်ဆီမှ မီးအလင်းရောင်က ဖျော့တော့စွာ

ဓါတ်တိုင်အောက်မှ အမျိုးသမီးငယ်ကလည်း မီးအလင်းရောင်နဲ့ ပနံရစွာ ခွေခေါက်လဲကျနေသည်

kris ဓါတ်တိုင်နားသို့ ကားကို အမြန်မောင်းချသွားလိုက်သည်

ကားတံခါးဖွင့်ကာ ကားပေါ်မှ အမြန်ခုန်ဆင်းလိုက်တော့ မကြာသေးမှီကမှ မိုးရွာသောအရှိန်ကြောင့် အေးစက်နေသည့် ညလေအေးအေးက ဆီးကာ ထွေးပွေ့လာသည်

kris ဖုန်းမှ flash light ကိုဖွင့်ကာ အမျိုးသမီးနားတိုးကပ်သွားလိုက်ရင်း မျက်နှာကိုသေချာမြင်ရစေရန် ကြိုးပမ်းလိုက်သည်

ဖြာခနဲ့ထိုးကျသွားသော flash light မီးအလင်းရောင်အောက်မှ သွေးမရှိတော့သော မျက်နှာဖြူဖျော့ဖျော့က ဆီးကြိုလာသည်

" ဟာ !! baek !!! "

kris ကို့မျက်စိပင် ကိုမယုံနိုင်အောင်ဖြစ်သွားရသည် arnyi မယုံနိုင်တာ မဟုတ်ဘူး မယုံရဲတာ

baek ကို ချက်ချင်းပွေ့ချီသွားရန် baek ကိုယ်လေးဆီ လက်လှမ်းလိုက်တော့ အေးစက်စက်ခန္ဓာကိုယ်က ရေခဲတုံးအလားပင်

kris မျက်ရည်များပင် ဝဲလာကာ baek အားအမြန်ကောက်ပွေ့ချီလိုက်ရင်း ကားပေါ်တင်လိုက်ကာ ကိုယ်ပေါ်ခြုံလာသည့် ကုတ်အကျီင်္ကိုရော ကုတ်အကျီင်္အောက် ထပ်ဝတ်လာသည့် အနွေးထည်ကိုပါ ချွတ်ကာ baek အား အအေးဓာတ်လျော့ကျလိုလျော့ကျငြား တကိုယ်လုံး လုံအောင် ခြုံပေးထားလိုက်သည်

" ကျစ် !!! baek ရာ ဘယ်လိုဖြစ်ရတာလဲ နင်က ဒီလိုဘဝမျိုး ဒီလိုအခြေအနေမျိုး ဟာကွာ!!! "

မချိတင်ကဲ ရေရွတ်လိုက်ရင်း စတီယာရင်ကိုပါ ဖုန်းခနဲ ထုကာ ခေါင်းကိုပါ ငုံ့ချထားလိုက်သည်
မျက်ဝန်းများတွင်တော့ မျက်ရည်များက ခိုတွဲလို့
အချစ်ရဆုံးသော ငယ်သူငယ်ချင်းမလေး၏ အဖြစ်က ရင့်နင့်စရာကောင်းလွန်းလှသည်ကိုးးးး

ယောကျာင်္းရင့်မာကြီးတစ်ယောက်အနေနဲ့ မျက်ရည်ကျလောက်ရသည်အထိ ကျတော်တို့တစ်တွေရဲ့ သူငယ်ချင်းသံယောဇဉ်က အရမ်းကို ဖြူစင်ရိုးရှင်းပြီး နက်ရှိုင်းလွန်းခဲ့တာကိုး

အမျိုးစုံကြိုးခုန်တတ်သောWhere stories live. Discover now