အမျိုးစုံကြိုးခုန်တတ်သော cb normal romance fic part - 32 ပါဗျ
ဒေါင်~~~ ဒင် /// ဒေါင် ~~~ ဒင် ///
ဧည့်ခန်းအတွင်း မြည်ဟိန်းလာသော နာရီ အချက်ပေးသံနှင့်အတူ
နံရံပေါ်မှ နာရီလက်တံတို့က ည ဆယ့်တစ်နာရီ အချိန်ကို ညွှန်ပြလျက်ရှိနေပြီ
" ဒီချိန်ထိ byun baekhyun ဆိုသော ကျနော့်ချစ်ဇနီးလေး မရောက်ရှိသေးပါ ရန်ဖြစ်ထားသည် ဆိုသော်ငြား သူမ ဒီလိုတော့ အိမ်ပြန်နောက်မကျသင့်တာ အမှန် ခုကျနော်တို့နေ နေရတဲ့အိမ်ဆိုတာလည်း ကျနော့်တို့ ကိုယ်ပိုင်အိမ်မှမဟုတ်ဘဲ ကျနော့်အမ အိမ်မလား ကျနော့်ကို ဘယ်လောက်ပဲ စိတ်ဆိုးဆိုးး baekhyun ကျနော့်အမ yoora ကိုတော့ နည်းနည်း လေးစားသမှုနဲ့ အားနာသင့်တယ်လေ
ခုဟာက ည ဆယ့်တစ်နာရီထိုးတော့မယ် byun baekhyun တို့ ထင်ရာစိုင်းပုံများ ယောကျာင်္းကိုပစ်ထားခဲ့ပြီး ခုချိန်ထိ ဘယ်တေလျှောက်သွားပြီး ဝိုင်းဒိုင်းကြဲသောင်းကျန်းနေလဲမသိဘူး လိုက်ရှာရအောင်လည်း noona yoora က သိဦးမယ် ဒီလို လင်မယား ရန်ဖြစ်တဲ့ ကိစ္စလေးအတွက်နဲ့ yoora noona ကပါ ဝင်ပြီး စိတ်ပူပေးနေရဦးမယ်ဆိုတာကြီးကတော့ မဖြစ်သင့်ဘူးလေ
" အ!! "
ခေါက်တုံခေါက်ပြန် လမ်းလျှောက်ကာ မတ်တပ်အကြာကြီးရပ်၍ baek ကိုမျှော်နေမိသော အကျိုးဆက်က ခြေဖဝါးအောက်မှ ဒဏ်ရာ တချို့တို့က ဆစ်ခနဲ ဆစ်ခနဲ ကိုက်ခဲလာခြင်းပင်
ခေါင်းတေလည်း မိုက်ခနဲ မိုက်ခနဲဖြင့် တဆစ်ဆစ်ထိုးကိုက် ကျယ်ပြန့်သော နဖူးထက်ဆီသို့လက်လှမ်းမိတော့ အပူတစုက ဆီးကြိုလိုက်ပြန်သည်
အနာရှိန်ကြောင့် အဖျားတက်ပြီထင်ပါရဲ့
ခြံထဲမှ လေစိမ်းအေးအေးတချို့ကြောင့်လည်း မျက်ခွံ့တို့လေးကျလာပြန်သည်
" ကျွီ !! "
ကားဘရိတ်အုပ်သံကြောင့် ခြံပြင်သို့ လှမ်းမျှော်ကြည့်မိတော့ ပြိုင်ကားလေးတစ်စီး
မထင်မှတ်ထားသော မြင်ကွင်းတချို့က ကျနော့်ရင်ဝတည့်တည့်သို့ ဆောင့်ကန်ချလိုက်သလို
YOU ARE READING
အမျိုးစုံကြိုးခုန်တတ်သော
Romanceအချစ်ကိုလူတေကအဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြတယ် ကျမကတော့အချစ်ကို ရယူပိုင်ဆိုင်ခြင်း လို့ပဲအတိအကျပြောမယ် hk hk ဘာကြောင့်လဲဟလား ဘာကြောင့်လဲဆိုတော့ ကျမအတွက်တော့အချစ်ဆိုတာကျိက အပျင်းပြေကစားတဲ့ GAME သာသာလောက်ပဲ အဓိပ္ပာယ်ရှိခဲ့လို့ပေါ့ သို့ပေမယ့် တခုသောအချိန...