အမျိုးစုံကြိုးခုန်တတ်သော
cb normal fic
Part - 43 { Final }တစ်ပတ်ဆိုသော အချိန်ကာလ က တစ်ရွေ့ရွေ့လည်ပတ်နေသည်မှာ မြန်လွန်းနေသလို
baek paris က အိမ် အပေါ်ထပ်ဆီသို့ လှမ်းဝင်ခြေချလိုက်သည်နှင့် ပထမဆုံးခံစားမိသည်က yeol ရဲ့ အငွေ့အသက်တွေ
ပြန်လည်ကြားယောင်လာသော ရီမောပျော်ရွှင်မြူးထူးနေသံတွေ
ိမြင်ယောင်လာမိသော အတိတ်က ကြည်နူးဖွယ်ပုံရိပ်များbaek မျက်လုံးကို မှိတ်ချလိုက်သည်
မျက်ရည်စက်တို့က ပါးပြင်ထက် ဝပ်ဆင်းသွားကြသည်တစ်ဖြေးဖြေးချင်း မျက်ခွံများကို အားယူကာ ပြန်လည်ပင့်တင်မိတော့ အရင်လိုပဲ လေထုက အေးမြဆဲ သစ်ရွက်တို့ကြွေနေဆဲ အရာရာဟာ တစိပတ်ပြန်လည်လာသလို
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်လောက်ကအထိ တီတီတာတာ စကားသံလေးများနှင့် ပျော်မွေ့ကြည်ရွှင်ဖွယ်အတိ ထုံမွှန်းနေခဲ့သော paris မှ လှပလွန်းသည့် အိမ်လေးကလည်း ယခုအချိန်တွင်တော့ တိတ်ဆိတ်ခြောက်ကပ်လို့
သာယာအေးချမ်းခဲ့လေသော အခိုက်အတန့်တို့ကလည်း မနေ့တနေ့ကလို လတ်ဆတ်နေဆဲပင်
lu>>>အများကြီးတွေးမေနနဲ့တော့လေ baek ရယ် နင်လေယာဉ်စီးလာရတာ ပင်ပန်းရောပေါ့ ခဏတဖြုတ်သွားနားပါတော့လား
baek>>>ငါ အိပ်ခန်းထဲ မဝင်ရဲသေးလို့ lu ရယ်
စကားလေးနှစ်ခွန်းသုံးခွန်းပြောပြီးသည်နှင့် အမောဖောက်လာကာ ဆိုဖာခုံပေါ်ပစ်ကျသွားသော baek ကြောင့် lu baek နားအမြန်သွားကာ ထိန်းလိုက်ရသည်
baek အားငယ်မည်ဆိုး၍ lu မျည်ရည်မကျအောင် အံ့ကြိတ်ကာ ထိန်းထားလိုက်ရသည်
နှစ်ယောက်လုံး ဆိုဖာခုံပေါ်တွင် ငြိမ်သက်စွာထိုင်နေလျက် စကားသံတို့ တိုးတိတ်နေသည်
အချိန်အတော်ကြာအောင် baek အမောဖြေ အားယူပြီးမှ အပေါ်ထပ်ဧည့်ခန်းလေး ပြန်လည် အသက်ဝင်လာသည်
baek>>>lu နင်သိလား ဒီဆိုဖာခုံလေးပေါ်မှာလေ ကိုကိုက အပြင်သွားဖို့ ငါအလှပြင်နေတာကို ထိုင်စောင့်ရင်း အိပ်ပျော်သွားခဲ့ဖူးတယ် အဲ့တုန်းကလေ …
YOU ARE READING
အမျိုးစုံကြိုးခုန်တတ်သော
Romanceအချစ်ကိုလူတေကအဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြတယ် ကျမကတော့အချစ်ကို ရယူပိုင်ဆိုင်ခြင်း လို့ပဲအတိအကျပြောမယ် hk hk ဘာကြောင့်လဲဟလား ဘာကြောင့်လဲဆိုတော့ ကျမအတွက်တော့အချစ်ဆိုတာကျိက အပျင်းပြေကစားတဲ့ GAME သာသာလောက်ပဲ အဓိပ္ပာယ်ရှိခဲ့လို့ပေါ့ သို့ပေမယ့် တခုသောအချိန...