Part - 41

1.8K 135 42
                                    

အမျိုးစုံကြိုးခုန်တတ်သော
cb normal fic
Part - 41

မှောင်မည်းလျက်ရှိသော ပြတင်းတံခါးအပြင်ဘက်မှ ကောင်းကင်ကြီးကို အိပ်ရာထက်မှ မော့ငေးကာ chanyeol တော်တော်နှင့်အိပ်မပျော်နိုင်

မိုးရိပ်တွေရှိနေသေး၍လားမသိ မဟူရာရောင်ကောင်းကင်ကြီးထက်မှာ ပြိုးပြိုးပြက်ပြက်ကြယ်လေးတွေလည်း မရှိ လမင်းကြီးလည်း မပေါ်လာ နက်သထက်နက်လာသော ညရဲ့အမှောင်က လမိုက်ညသဖွယ်ဖြစ်လို့နေသည်

ခုတင်ဘေးက စားပွဲခုံလေးပေါ်မှ နာရီလေးကတော့ ည ၁၀ နာရီဟူသော အချိန်ကို လက်ညှိုးညွှန်လျက်

ပြတင်းတံခါးဆီမှ အကြည့်တို့ရွေ့လျားကာ အခန်းတံခါးလေးဆီ စောင်းငဲ့ကြည့်မိတော့

ဟိုးအရင်အချိန်တွေတုန်းက ဒီလိုအချိန်တိုင်းပွင့်လာတတ်ခဲ့သည့် အခန်းတံခါးလေးက အခူချိန်တွင်တော့ တွန်းဖွင့်မည့်သူမရှိ၍ထင်သည် အထီးကျန်ဆန်နေသယောင်ယောင်

ဟိုးအရင်ချိန်တွေတုန်းက အခန်းထဲကို နွားနို့ပူပူလေးတစ်ခွက် ကိုင်ကာ အခန်းတွင်းသို့ ဝင်ဝင်လာတတ်သည့် ကောင်မလေးကိုယ်စား အခန်းတံခါးကြားမှ လေစိမ်းတို့က တိုးဝင်လာသည်

ဟိုအရင်ချိန်တွေတုန်းက သူမျက်နှာလွှဲနေကျ ခုတင်ဘေးက စားပွဲခုံပုလေးပေါ်မှာလည်း အရင်လို နွားနို့ပူပူလေးတစ်ခွက်မဆိုထားနဲ့ ရေတစ်ခွက်ပင် ရှိမနေ

ဟိုးအရင်အချိန်တွေက မြင်တွေ့နေကျ ဆွေးမြေ့မြေ့ မျက်လုံးဝိုင်းလေးတွေလည်း ဘယ်ရောက်နေမှန်းမသိ

ဟိုးအရင်ချိန်တွေတိုင်း မျက်ရည်စက်လက်နှင့် အခန်းထဲမှ ကျောခိုင်းထွက်ခွာသွားတတ်သည့် ကျောပြင်လေးတစ်ခုကလည်း မြင်ကွင်းထဲဝင်မလာခဲ့

* ငါသူ့ကို သတိရနေမိတာလား *

" ကျစ် !! ဘယ်တွေထိလျှောက်သွားနေလို့ ဒီချိန်ထိ ပြန်မလာနိုင်ရသေးတာလဲကွာ "

* ဟာ ငါသူ့ကို စိတ်ပူနေမိပြန်တာလား *

" dock ! dock ! dock ! "

* ဟော သူပြန်လာပြီထင်တယ် *

ဦးနှောက်က အသိပေးလိုက်သည်နှင့် ရုတ်ချည်းပင် နှလုံးသားထဲစိမ့်ဝင်လာသော နွေးထွေးမှုတစ်စုံတစ်ရာ

အမျိုးစုံကြိုးခုန်တတ်သောWhere stories live. Discover now