အမျိုးစုံကြိုးခုန်တတ်သော cb normal romance fic part - 36 ပါဗျ
သွေးအိုင်ကြားထဲ အသိကင်းမဲ့နေတဲ့ yeol ကို့ ကြည့်ရင်း baek တျောက် နှလုံးခုန်သံတွေ ရပ်တန့်သွားခဲ့လေပြီ
ထရပ်ကားကြီး၏ ရှေ့ကားမီးရောင်စူးရှရှရှေ့ လူအများစုရုံးစုရုံးဝိုင်းအုံလျက်
ထိုလူအုပ်ကြီးအလယ်မှ
အေးစက်စက် ကားလမ်းမထက် သွေးအိုင်ကြားထဲလဲနေသော ကောင်လေးအား ထွေးပွေ့ထားသော သတိမေ့မြောလျက် ရှိသည့် ကောင်မလေး တစ်ယောက်flesh back end '( ဟီး part - 1 တည်းက နောက်ကြောင်းပြန်လာတာ ခုမှ present ကို ပြန်ရောက်တယ်ရဟ် ဟီးဟီး ဒီအပိုင်းစလို့ flesh back end ပါနော် ဟဲဟဲ present လည်းပြန်ရောက်လာပြီဆိုတော့ final လည်း မဝေးတော့ဘူးလို့ ထင်ပါတယ် )
yoora>>>ညီမလေး ထဦး ဆေးသောက်ရမယ်လေ
အိမ်မက်ဆိုးများကြား ပိတ်မိနေရင်း နွေးထွေးသော လက်တစ်စုံ၏ နှိုးဆွမှုကြောင့် baek ဇောချွေးများကြား ပြန်လည်း နိုးထလာခဲ့ရသည်
ခုဆို ကိုကို အတိတ်မေ့နေခဲ့တာ တစ်နှစ်လောက်တောင် ရှိရောပေါ့
အတိတ်မေ့တယ်လို့ဆိုရအောင်လည်း hk hk ကိုကိုက ကျွန်မ တစ်ယောက်တည်းကို ခါးသက်မုန်းတီးစွာ မေ့သွားခဲ့တာတဲ့လေ
ကိုကို မိုက်ရူးရဲဆန်လွန်းခဲ့တဲ့ baek ကို ဝင်ကယ်ရင်းကားအက်စီးဒင့်ဖြစ်ခဲ့တာ ဆရာဝန်ကြီးတွေ ပြောတဲ့စကားအရတော့ ကိုကိုက baek ကို သိပ်မုန်းတဲ့စိတ်နဲ့ မေ့နိုင်အောင် ကြိုးစားနေတုန်း ကားတိုက်ခံရလို့ ဦးနှောက်ထိသွားပြီး သူမေ့ဖို့ကြိုးစားခဲ့တဲ့ baek ကိုပဲ ကွက်ပြီး မေ့သွားခဲ့တာပါတဲ့
ဒီအကြောင်းတွေကို baek ပြန်မတွေးချင်သော်ငြား ခေါင်းထဲ အလိုလိုဝင်ရောက်လာပြန်တော့ မျက်ရည်ဝဲရုံမှတပါး baek မတတ်နိုင်ခဲ့yoora>>>ကဲပါ ညီမလေး ဖြစ်ပြီးခဲ့တာတွေကလည်း ကြာခဲ့ပြီပဲ ပြန်စဉ်းစားပြီးဝမ်းနည်းမနေနဲ့တော့ ခုဆို chanyeol လည်း အခြေအနေနည်းနည်းကောင်းလာပြီ မဟုတ်လား
baek ကျခါနီးဆဲဆဲ မျက်ရည်တို့အား လက်ခုံဖြင့်ဖိသုတ်လိုက်ရင်း မျက်နှာထက်နွမ်းလျလျ အပြုံးတခုချိတ်ဆွဲရင်း
yoora ကမ်းပေးလာသော ဆေးလုံးတချို့အား ပါးစပ်ထဲပစ်သွင်းရင်း
YOU ARE READING
အမျိုးစုံကြိုးခုန်တတ်သော
Romanceအချစ်ကိုလူတေကအဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြတယ် ကျမကတော့အချစ်ကို ရယူပိုင်ဆိုင်ခြင်း လို့ပဲအတိအကျပြောမယ် hk hk ဘာကြောင့်လဲဟလား ဘာကြောင့်လဲဆိုတော့ ကျမအတွက်တော့အချစ်ဆိုတာကျိက အပျင်းပြေကစားတဲ့ GAME သာသာလောက်ပဲ အဓိပ္ပာယ်ရှိခဲ့လို့ပေါ့ သို့ပေမယ့် တခုသောအချိန...