Part - 38

2K 159 45
                                    

အမျိုးစုံကြိုးခုန်တတ်သော
cb normal fic
Part - 38

မှိုင်းညို့နေသော မိုးသားကောင်းကင်ကြီးက နီစွေးစွေး

မီးခိုးရောင် မိုးသား တိမ်စိုင်တိမ်ခဲတို့ကလည်း လေယူရာလွင့်ပါးလျက်

တစ်ချက် တစ်ချက် လေပြည်အဝှေ့တစ်ချက်မှာ ခြံထဲရှိ သစ်ပင်ထက်မှ သစ်ရွက်များ လေနတ်မင်းအား အလေးပြုကာ မြေနတ်သားဆီသို့ ခစားကုန်ကြသည်

မိုးလေအေးအေးလေးက အခန်းထဲတိုးဝင်လာသလောက် ရင်ထဲမှ အပူမီးကိုတော့ မအေးချမ်းစေနိုင်ခဲ့

ဦးတည်ရာမဲ့ ငေးကြည့်နေစဉ်အတွင်း
ကောင်းကင်ကြီးငိုကြွေးလေတော့သည် မိုးစက်မိုးပေါက်လေးတို့ ဟိုတစ်စ ဒီတစ်စ ကောင်းကင်ထက်က ကြွေကျလာကြသည်

ရင်ထဲက နာကျင်မှုတွေကို မိုးမင်းကြီးကတောင် ကိုယ်ချင်းစာပေးသည်ထင်ပါရဲ့

ပြတင်းတံခါးတံစက်မြိတ်စီက တစ်စက်စက် ကျလာသော မိုးရေပေါက်လေးများအား လက်ဖဝါးနုနုဖြင့် ခံယူလိုက်သည်

လက်ဖဝါးထက်သို့ တောက်ခနဲ့ ကျလာသောမိုးရေပေါက်လေးတစ်ပေါက်ရဲ့ အေးစက်မှုက နှလုံးသားထဲထိ စီးဝင်သွားကာ အေးစက်ထုံကျင်လို့သွားခြင်းက

ညို့မှိုင်းမှိုင်းကောင်းကင်ကြီးကြောင့်လား …??

လွမ်းမောဖွယ် ပတ်ဝန်းကျင် အခြေအနေကြောင့်လား…???

လေရူးရဲ့ကျီစားမှုကြောင့်လား…???

အထီးကျန်လွန်းနေသည့် ပြတင်းတံခါးတစ်ခုကြောင့်လား…???

အေးစက်စက် မိုးရေစက် တစ်ပေါက်ကြောင့်လား …?????

ဘာရယ်ကြောင့်မှန်းတော့ မသိ
မျက်ဝန်းအိမ်ထက် မျက်ရည်တို့ရစ်သိုင်းလာရသည်

* ဟင့်အင်း ဟင့်အင်းးး ရာသီဥတုအခြေအနေက အေးလွန်းလို့ မကောင်းလို့ ငါမျက်ရည်ကျမှာ *

စိတ်ကိုမာန်တင်းလိုက်ရင်း မျက်တောင်နက်နက်တို့ထက် ခိုတွဲနေသည့် မျက်ရည်စတို့ကို ပန်းနုရောင် ပါးပြင်ပြင်မို့မို့ဆီသို့ ခုန်ဆင်းခွင့်ပြုလိုက်သည်

အမျိုးစုံကြိုးခုန်တတ်သောWhere stories live. Discover now