Part 4

745 68 7
                                    

Soojung POV

ကျမတော်တော်ကိုနာကျင်နေပါပြီ
အခုလောက်ဆို ကျမကိုဝိုင်းရိုက်နေတာ ၁၅ မိနစ်လောက် ရှိရောပေါ့
သူတို့ဘက်က အင်နဲ့အားနဲ့ ရိုက်နေတာ မဟုတ်ပေမယ့် ယောကျာ်းအားနဲ့ဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ကျမပိုနာကျင်လာရပါတယ်
ကျမ နာကျင်ခံစားရလေ ကျမရဲ့ အမကို ပိုသတိရလေပါပဲ
ကျမကို သူများက လက်ဖျားနဲ့ထိတာတောင် မနှစ်သက်တဲ့ကျမ အမ
ကျမအပေါ် အမေတယောက်လို ဂရုစိုက် စောင့်ရှောက်ပေးတတ်တဲ့ ကျမရဲ့ တဦးတည်းသော သွေးသားရင်းချာ.....
သူသာရှိနေသေးရင် ကျမဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံစရာမရှိပါဘူး

"ဖုန်း"

Soojung ကျောအောင့်ကနဲ ခံစားလိုက်ရသည်

Man1:ကဲ ဘယ်လိုလဲ လခပေးချင်စိတ်လေး ရှိလာပြီလား

SJ:ကျ...ကျမမှာ တကယ်မရှိလို့ပါ arjushi ရယ်

Man2:ဒီမှာ ကလေးမ နင်မှာပေးစရာ မရှိရင် ရှိအောင်လုပ်ပေါ့ နင့်ခြေတွေလက်တွေ အကောင်းကြီးရှိသေးတယ်မလား အေး နင်အခု လခပေးရင်ပေး မပေးနိုင်ရင် အခန်းဖယ်ပေးတော့

SJ:မ..မလုပ်ပါနဲ့ arjushi တို့ရယ် ကျမမှာ သွားစရာနေရာမရှိလို့ပါ

Soojung လူကြီးနှစ်ယောက်ကို ခြေထောက်ဖက် တောင်းပန်သော်လည်းမရ

လူကြီး၏ လက်၌ ကိုင်ထားသောတုတ်က Soojung ကျောပြင်ပေါ်သို့ ထပ်မံကျရောက် လာသည်

"ဖုန်း"

ဒီတခါတော့ ကျောပြင်ကိုမဟုတ် ခါးဆစ်ပေါ် တည့်တည့်ကျလာ၏ Soojung အသံပင်မထွက်နှိုင် "အင့်" ဟုအသံလေးသာပြုနိုင်တော့သည်
လူကလည်း လှုပ်ပင်မလှုပ်နှိုင်တော့
နာကျင်လွန်းသဖြင့် မျက်ရည်များပင် ကျလာသည်

Soojung POV

ဘာ့ကြောင့်လဲ...ဘာ့ကြောင့် ကံတရားက ကျမ အပေါ် ဒီလောက်ရက်စက်ရတာလဲ
ကျမဆက်မခံစားနှိုင်တော့ပါဘူး
ကျမထိုက်နဲ့ ကျမကံပဲရှိပါစေတော့
ကျမ ဒီအချိန်မှာ သတိရမိတဲ့ လူတယောက် အမည် ကိုသာရေရွတ်ပြီး နားကိုပိတ် မျက်စိစုံမှိတ်လိုက်ပါတော့တယ်

".....Sica unnie....."

ဒါပေမယ့်...အချိန်တော်တော် ကြာတဲ့အထိ ကျမ အပေါ် ပြင်းထန်တဲ့ရိုက်ချက်တွေ ကျမလာပါ

Once Upon A TimeDonde viven las historias. Descúbrelo ahora