At a cafe near SM Entertainment
Yuri က သူမရှေ့တွင် ထိုင်နေသော ကောင်လေးကို စာအိတ်တစ်အိတ် ထိုးပေးလိုက်၏
Yul:ဒီထဲမှာ ရှင့်အတွက် စုံစမ်းခရော bonus ပါထည့်ပေးထားတယ် ကျမရှာချင်တဲ့ လူကိုသာ မြန်မြန်လေးရှာပေးပါ
Boy:Thae ဒါနဲ့ သူအကြောင်းသိတာဘာများ ရှိလဲခင်ဗျ စုံစမ်းရာမှာ အသုံးဝင်မယ့် တခုခုပေါ့
Yul:သူ့နာမည်က Jung Soojung...Jung Sooyeon ရဲ့ညီမ
Boy:Jung Sooyeon ဆိုတာ တေးရေးဆရာမ Jung Sooyeon လားခင်ဗျ
Yul:Imm
Boy:Miss Soojung ရဲ့ ဓာတ်ပုံတွေဘာတွေရော ရှိလားခင်ဗျ
Yul:No...မရှိဘူး
Boy:ဒါဆိုရင်တော့ ရှာရတာ ခက်မယ်ထင်တယ်
Yul:အစကတည်းက လွယ်နေမယ်ဆိုရင် ကျမရှင့်ကိုတောင် ပိုက်ဆံပေးပြီး ရှာခိုင်းစရာ မလိုပါဘူး
Boy:😓😓😓
***** ***** *****
At Yoonsoe house
Soojung တယောက် အိပ်နေရာမှ နိုးလာသည်
သူမ အိပ်ချင်မူးတူးဖြင့် မျက်စိ မဖွင့်သေးဘဲ ထဖို့ပြင်လိုက်တော့ ခန္ဓာကိုယ်က လှုပ်မရ
အပေါ်ကနေ တယောက်ယောက်က သူမကို ဖိထားသလိုမျိုး ခံစားနေရသည်ဒါနဲ့ Soojung မျက်စိကို တဖြည်းဖြည်း ဖွင့်ကြည့်လိုက်သောအခါ...
မြင်လိုက်ရသော မြင်ကွင်းကြောင့် Soojung အိပ်ချင်စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ပြီး မျက်လုံးတွေပါ ကျယ်လာသည်
သူမ တကိုယ်လုံးက Yoona ရင်ခွင်ထဲမှာ
Yoona လက်တွေက သူမကို သိမ်းကြုံး ဖက်ပေးထားပြီး သူမ လက်တွေကလည်း Yoona ခါးကိုပြန်ဖက်ထားသည်ဟုတ်သားဘဲ မနေ့ညက သူမ Yoona ရင်ခွင်ထဲမှာပဲ ငိုပြီး အိပ်ပျော်ခဲ့တယ်လေ
ထိုအချိန်မှာ Soojung ခံစားနေရတာက...
လုံခြုံမှု...
နွေးထွေးမှု...
အေးချမ်းမှု...
ပျော်ရွှင်မှု...
...Jessica သူမကို ပေးစွမ်းနိုင်ခဲ့သည့် အရာအားလုံးကို Yoona ရင်ခွင်ထဲမှာ သူမ ပြန်ရှာတွေ့ခဲ့သည်
ESTÁS LEYENDO
Once Upon A Time
FanficYoonstal Fanfic Cast Main-Yoona,Krystal and Yuri Support-Other SNSD members