Seoulမြို့မှBusanသို့သွားသော အမြန်လမ်းမကြီးပေါ်တွင်အဖြူရောင်Ferrariကားလေးတစ်စင်းအရှိန်နှင့်မောင်းနှင်နေ လေသည်
ကားပေါ်တွင်မိန်းကလေးနှစ်ယောက်စီးနှင်းလိုက်ပါလာသည်
Driver Seat တွင်မောင်းနှင်နေသောမိန်းကလေး၏မျက်နှာမှာတစုံတခုကိုအလိုမကျသကဲ့သို့သိသိသာသာပင်တင်းမာနေသည်
ဘေးဘက် Passenger Seat တွင်လိုက်ပါလာသောမိန်းကလေးမှာမူအသက်မပါသောမျက်နှာအမူအရာဖြင့် ပြတင်းပေါက်အပြင်သို့သာငေး၍လိုက်ပါလာ သည် နှစ်ယောက်စလုံးပင်စကားတခွန်းမှမပြော ကြ တယောက်အပြောကိုတယောက်က စောင့်နေသကဲ့သို့ တယောက်ကိုတယောက်ကြည့်လိုက် မျက်စိလွဲလိုက်ဖြင့်သာအလုပ်ရှပ်နေကြသည်
နောက်ဆုံးတွင်တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူကဒုတိယမိန်းကလေး...Sica:Yul ya ငါတို့လမ်းခွဲရအောင်
Yuriကဘာမှပြန်မပြောဘဲ radio ကိုဖွင့်လိုက်သည် အသံကိုလည်းအဆုံးအထိကျယ်လိုက်သည် Sica ပြောသည်ကိုမကြားလိုသည့်သဘော ထိုအခါ Sica ကစိတ်မရှည်သည့်ဟန်ဖြင့်
radioကိုပိတ်လိုက်သည်Sica:Ya!!!Kwon Yuri!!! နင်ငါပြောနေတာကိုမကြားဘူးလား လမ်းခွဲရကြအောင်လို့
့
ထိုအခါမှ Yuri က ကားကိုဒေါသတကြီးဖြင့် လမ်းဘေး ထိုးရပ်လိုက်သည်Yuri:အေး ကြားတယ် ငါရှင်းရှင်းလင်းလင်း ကိုကြားတယ် ဒီမှာ Jessica ငါလည်းရှင်းရှင်းပဲပြောမယ် ငါနင့်ကိုလုံးဝ လမ်းမခွဲနိုင်ဘူး!! အေး လမ်းခွဲရမယ်ဆိုရင်လည်း
အဲ့နေ့က နင်သေရင်သေ မသေရင်ငါသေတဲ့နေ့ပဲ
အဲဒါကိုနင်သေသေချာချာမှတ်ထား!!!Sica:ဒါဆို အခုငါ့ဘဝကရော?နင်ဟာလေ..... အမြဲ ကိုယ့်အတွက်ပဲကိုယ်ကြည့်တယ် နင်ငါ့အတွက် နည်းနည်းလေးမှမစဉ်းစားပေးနိုင်ဘူးလား
Yuri:ကိုယ့်ချစ်သူက ကိုယ့်ကိုမခိုင်လုံတဲ့အကြောင်းပြချက်နဲ့ထားသွားတာကိုနားလည်ပေးရလောက်အောင် ငါသဘောထား မကြီးပေးနိုင်ဘူး ငါနင့်အပေါ်ဘာများမှားခဲ့လို့လဲ?ငါနင့်အတွက်အကုန်ဖြည့်ဆည်းပေးခဲ့တာပဲမဟုတ်ဘူးလား
Sica:hk hk ဖြည့်ဆည်းပေးတယ်ဟုတ်လား?
ဒီမှာ Kwon Yuri shi လိုအပ်ချက်ကိုဖြည့်ဆည်းပေးမှဖြည့်ဆည်းပေးတယ်လို့ပြောလို့ရမှာပေါ့ နင်အခုငါ့ကိုဖြည့်ဆည်းပေးနေတဲ့ပိုက်ဆံနဲ့ ပစ္စည်းဥစ္စာတွေကိုငါဘာမှမလိုအပ်ဘူး ငါအခုလိုအပ်နေတာကနင်မပေးနိုင်တဲ့ အချစ်နဲ့ ဂရုစိုက်မှုတွေ...
ESTÁS LEYENDO
Once Upon A Time
FanfictionYoonstal Fanfic Cast Main-Yoona,Krystal and Yuri Support-Other SNSD members